ဧပြီလ(၁၂)ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ်ဆူးရှထက်အား အဆိုတော်အစ္စဏီမှ မတရားနှိပ်စက် အနိုင်ကျင့်သားမယားပြုကျင့်ခဲ့တဲ့ သတင်းတွေကတော့ လူမှုကွန်ယက်ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါတယ်။အဆိုပါ ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီး မော်ဒယ်ဆူးရှထက်ရဲ့ ရှေ့နေဖြစ် သူဦးရောဘတ်စန်းအောင်ကတော့ လက်ရှိစွဲချက်တင်ထားတဲ့ (ပ)၃၆၂/၂၀၁၈(ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/ ၃၄၂ပုဒ်မတွေအရ အစ္စဏီဟာ ထောင်ဒဏ်နှစ်(၄၀) ကျခံရနိုင်ဖွယ်ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြား သွားခဲ့ပါတယ်။  

ချစ်သူရည်စားတွေမပြောနဲ့ လင်မယားချင်းတောင် အလိုမတူရင်မုဒိန်းမှုမြောက်ပါတယ်။အခကြေးငွေးပေးရတဲ့ ပြည့်တန်ဆာတောင် အလိုမတူရင်မုဒိန်းမှုမြောက်တယ်လို့ဆိုပါတယ်။အဆိုတော်အစ္စဏီအနေနဲ့ ပုဒ်မ၃၇၆အရ မုဒိန်းမှု၊ ၃၇၅ နာကျင်စေမှု၊ပိုက်နက်ကျူးလွန်မှု အဲ့ဒီပြစ်မှုတွေအားလုံးအရဆိုရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ်ထောင် ဒဏ်နှစ်(၄၀)ကတော့ ကျခံရနိုင်ပါတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ မော်ဒယ်ဆူးရှထက်ကိုလည်း အမှုပိတ်သိမ်းပေးဖို့ ခြိမ်းခြောက်မှုတွေ၊မီဒီယာတွေနဲ့ အင်တာဗျူးမလုပ် ရန်ခြိမ်းခြောက်မှုတွေ၊ စသည်မှုအမျိုးမျိုးခြိမ်ခြောက်မှုတွေရှိနေတယ်လို့လည်းဆိုပါတယ်။ဆူးရှထက်အနေနဲ့က တော့ ဒီအမှုကိုလုံးဝကျေအေးပေးမှာ မဟုတ်ပဲ တရားဥပဒေအရဆက်လက်အရေးယူဆောင်ရွှက်သွားမယ်လို့ သိရပါတယ်။ဒီအမှုကိုတော့ မြန်မာနိုင်ငံရှေ့နေမျာအသင်းမှရှေ့နေများမှ အခကြေးငွေမယူပဲ လိုက်ပါဆောင် ရွှက်နေတယ်လို့ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။ 

သတင်းအရင်းအမြစ် - ဦးရောဘတ်စန်းအောင်(5 Plus News) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။