ချောင်းဆိုတာက မိုးရာသီတွေမှာအဖြစ်များသလို အခုလိုဆောင်ရာသီမှာလည်း အအေးမီချောင်းဆိုးတာတွေ ခံစားရတတ်ပါတယ်။ချောင်းဆိုတာပုံစံ(၂)မျိုးရှိပါတယ်။ ရင်ခေါင်းထဲကနေ ချွဲတွေထလို့ ၊ချွဲဟပ်လို့ချောင်းဆိုတာ ဆိုပြီးနှစ်မျိုးရှိပါတယ်။ နောက်တစ်မျိုးကဓာတ်မတည့်ခြင်းကြောင်း၊ ဖုံထူခြင်းကြောင်း၊ပတ်ဝန်ကျင်အခြေအနေ နဲ့လည်ချောင်းတွေယားယံပြီး ဆိုးတဲ့ချောင်းတွေလည်းရှိပါယ်။ ချောင်းဆိုးတာကတစ်ကယ်ခံရခက်သလို ပတ်ဝန်ကျင်းအနေနဲ့လည်း အားနားစရာဖြစ်စေပါတယ်။ ဒါကြောင့် အအေးမိတဲ့အခါမျိုးမှာအိမ်တွင်းမှာပဲ ကုလို့ရ အောင်ဆေးနည်း လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပျားရည်ကိုလူတိိုင်းသိပါတယ်နော်။ ပျားရည်ကချောင်း ခြောက်ဆိုးတာတွေအတွက် ဆေးစွမ်းကောင်တစ်လက်ဆိုလည်းမမှားပါဘူး။ ယားယံမှု့တွေသက်သာစေတယ်၊ လည်ချောင်းယားပြီး ချောင်းဆိုးချင်လာပြီးဆိုရင် ပျားရည်စစ်ကို ဘာမှမရောစပ်ပဲ တစ်ဇွန်စာနဲ့ တစ်နေ့(၃)ကြီမ် သောက်နိုင်ပါတယ်။  

သံပုရာသီးတစိပ် ကိုဆားအနည်းငယ်နှင့် ငရုပ်ကောင်းစေ့နည်းနည်းထောင်း ပြီးတော့ရောမွှေသောက်ပေးပါ။ အထူးသတိထားရမှာကတော့ နှလုံးအားနည်းတတ်သူတွေအတွက်တော့ မသုံးစေချင်ပါဘူး။ ဆားရည်နဲ့လည်း ပလုတ်ကျင်းပေးပါ။ လည်းချောင်နာနေလို့ဆားရည်နဲ့ ပလုတ်ကျင်း နိုင်သလို ချောင်းခြောက်ဆိုးတာကိုလည်း လုတ်ကျင်းနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အလ်မွန်စေ့ဟာလည်း ချောင်းခြောက်ဆိုးတာတွေကို သက်သာစေပါတယ်။လိမ္မော်ရည် ဖျော်ရည်ထဲကို အလ်မွန်စေ့အနည်းနည်းငယ်ထည့်ပြီး နည်းနည်းချင်းစီငုံပြီး သောက်ပေးရုံပါပဲ။ 

ဂျင်း-ပူစီနံ ဖျော်ရည်ကလဲ ချောင်းခြောက်ဆိုးခြင်းအတွက် အကောင်းဆုံးဆေးစွမ်းဖြစ်ပါတယ်။ ပူစီနံရွက်ခြောက် တဇွန်းစာ၊ဂျင်းပါးပါးလေးနဲ့ ပျားရည်(၁)ခွက် ၊ဂျင်းနဲ့ပူစီနံရွက်ခြောက်ကို ရေဆူအောင်တည်ပြီးရင် အရည်စစ်ချ ပြီး ပျားရည်နဲ့ရောမွှေ၊ ပြီးတော့(၃)နာရီခြား တစ်ခါသောက်ပေးပါ။ သက်သာလာတဲ့အထိ သောက်နိုင်ပါတယ်။ နိုင်ငံခြားဆေးတွေက ချက်ချင်းသက်သာနိုင်ပေမဲ့ အချင်းပျေက်နိုင်ဖို့ကကြာရှည်တတ်ပါတယ်။ဒါကြောင့် မြန်မာဆေးနည်းလေးတွေ ကိုလက်လှမ်းမှီသလောက် ရေးသားတင်ပြလိုက်ရပါတယ်နော်။ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source: ကျန်းမာရေးဗဟုသုတလေးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။