မျက်နှာအဆီပြန်ခြင်းကင်းဝေးစေဖို့ နည်းလမ်း (၅) သွယ်

(၁) မျက်နှာတစ်နေ့နှစ်ကြိမ်သစ်ပါ။

အဆီပြန်ခြင်းကင်းဝေးစေရန် မျက်နှာကို Facial Form နဲ့ ပုံမှန်တစ်နေ့ (၂) ကြိမ်သစ်ဖို့လိုအပ်ပါတယ်။ မျက်နှာသစ်တဲ့နေရာမှာလည်း နည်းလမ်းမှန်ကန်စွာသစ်ဖို့နဲ့ ကိုယ်နဲ့သင့်တော်မယ့် မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။

(၂) Moisturizer မသုံးပါနှင့်။

မျက်နှာအဆီပြန်သူတွေအနေနဲ့ အစိုဓာတ်ဖြည့်တင်းပေးမယ့် Moisturizer ကိုမသုံးဖို့ အကြံပြုပါရစေ။ Moisturizer အသုံးပြုမိတဲ့အခါ အဆီပြန်ခြင်းကိုပိုပြီး အားပေးသလိုဖြစ်နေတတ်ပါတယ်။

(၃) Matte Primer သုံးပေးပါ။

မျက်နှာသစ်ပြီး Foundation မလိမ်းခင် Moisturizer အစား Matte Primer လိမ်းဖို့ လိုအပ်ပါတယ်။ Matte Primer လိမ်းခြင်းအားဖြင့် အသားအရေကို တင်းတင်းလေးနဲ့အစိုဓာတ်လျော့ချပေးပြီး မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

(၄) သင့်တော်တဲ့အစားအသောက်စားသုံးပါ။

အသီးအရွက်များများစားသုံးပေးခြင်းအားဖြင့်လည်း အဆီပြန်ခြင်းကိုသက်သာစေပါတယ်။ ဆီကြော်အစားအစာများကို တက်နိုင်သမျှရှောင်ပါလို့ အကြံပြုလိုက်ပါတယ်။

(၅) အရေပြားဆရာဝန်နဲ့တိုင်ပင်ပါ။

အသားအရေပြဿနာများအတွက် ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပုံမှန်ပြသပေးပြီး လိုအပ်တဲ့ ကုသမှုနဲ့ Treatment များကို ပြုလုပ်ပေးခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါတယ်။

Source: Beauty Care

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။