"သိန်း၂ဝဝကျော်တန်စိန်နားကပ်ကိုပိုင်ရှင်အစစ်ထံပြန်ပေးပါသော

ဂေါ်ရင်ဂျီကျွန်းကရိုးသားတဲ့ ဘန်ဂလိုပိုင်ရှင်မိသားစုအား ဂုဏ်ပြုရေးသားသည်"

(3/1/2017)ရက်နေ ့စာရေးသူတို ့အဖွဲ ့ လူစုခွဲပြီးရန်ကုန်ပြန်ခဲ့ကြချိန်မှာကျွန်

တော်ဦးဆောင်တဲ့ ညနေပိုင်းပြန်မယ့် ကလေးတွေနဲ ့တစ်ဖွဲ ့ကဘန်ဂလိုမှာ ကျန်ခဲ့ပြီးကျွန်တော့အစ်ကို ကိုအောင်တို ့တစ်ဖွဲ ့က မနက်ပိုင်းကပင်ကားဖြင့်ပြန်သွားခဲ့သည်။

သိမ်းဆည်းပြီးခတ္တနားနေချိန်၌အောက်ပါဓာတ်ပုံပိုင်ရှင် လင်မယားဖြစ်သည့်

ကိုသန်းထွဋ်ဝင်းနှင့်မဝါဝါဝင်းတို ့မှ ဘန်ဂလ်ုိသန် ့ရှင်းရေးလုပ်နေရင်း နားကပ်တစ်ဖက်ကျန်နေသဖြင့်လာပြန်ပေးပါကြောင်းပြောသဖြင့် လိုက်ကြည့်ရာစာရေးသူ၏အစ်ကို ကိုအောင်အောင်မှ ပြန်ကာနီးရေချိုးရင်းအမှတ်မထင်ချွတ်ထားခဲ့သည့် ၂ရတီ

လေးချိန်နှင့်တန်ဖိုး အနည်းဆုံးသိန်း၂၀၀ ကျော်တန်ဖိုးရှိသည့်စိန်နားကပ်ဖြစ်နေသဖြင့်ရှေ့မှကားဖြင့်အရင််ပြန်နှင့်ကြသော အစ်ကိုဖြစ်သူအားဖုန်းဆက်အကြောင်းကြားမေးမြန်းပြီး အတည်ပြုချက်ယူရာ ကိုအောင်မှလည်း နားကပ်ပုံစံ အမျိုးအစား ကို ပြောကြားပြီး မိမိပစ္စည်းဟုတ်မှန်ကြောင်းအတည်ပြုသဖြင့်ယင်းစိန်နားကပ်အား လက်ခံသိမ်းဆည်းပေးထားခဲ့လိုက်ပါသည်။

ထိုလင်မယားသည် စာရေးသူတို ့ရောက်စဉ်ကတည်းကသတိထားမိသလောက်စိန်နားကပ်တင်မက ဂေါ်ရင်ဂျီကျွန်းလာ သူတို ့ဆီမှာတည်းခိုပါသော ဘန်ဂလိုတိုင်းမှ ဧည့်သည်တိုင်းရဲ့ကျန်သမျှ နားကြပ် နာရီ ရေကူးဘောင်းဘီနဲ ့မျက်နှာသစ်ဆပ်ပြာသော့တွဲ Bluetooth နားကြပ် အသေးအဖွဲကအစ သတိထားပြီး ဂရုစိုက်စောင့်

ရှောက်ပြန်ပေးသည်ကိုလည်း ယင်းဖြစ်ရပ်မတိုင်ခင်ကတည်းကတွေ ့ရှိနေခဲ့သောကြောင့် ထို Win Beach တည်းခိုခန်းမှ ဘန်ဂလို ပိုင်ရှင် ကရင်လူမျိုး ကာယကံရှင်လင်မယားနှစ်ယောက်၏ရိုးသားမှုဂုဏ်အားချီးကျူးထုတ်ဖော်ကာအများသိစေရန်ရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျ။

(ပျောက်ဆုံးသူကာယကံရှင်နှင့်မိသားစုမှနောက်တစ်ကြိမ်လာပြီးအမှတ်တရဂုဏ်ပြုဆု ချီးမြင့်မည်ဖြစ်သည်

Min Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။