သားသမီးချင်း ကိုယ်ချင်းစာတယ်ဆိုရင် လိင်စိတ်ကြွဆေးများ မရောင်းနဲ့ဟု မုံရွာနယ်မြေရဲစခန်းရဲ့ ရဲအုပ်ရဲအောင်က သူ့တရားဝင်facebook page မှာ တင်ထားတာတွေ့ရပါတယ်။ ရဲအုပ်ရဲအောင်ဟာ မုံရွာနယ်မြေရဲစခန်း ပေချ့်မှာ မူခင်းကျဆင်းရေးအသိပေးသတင်းများကို အမြဲမပြတ်တင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ လူမူကွန်ရက်တွေမှာလည်း သူ့ပေချ့်ဟာ လူကြိုက်များ ရေပန်းစားလျက်ရှိပါတယ်။ အခုတခါလည်း ရဲအုပ်ရဲအောင်ဟာ သူ့ပေချ့်မှာ အောက်ပါအတိုင်းရေးထားတာတွေ့ရပါတယ်။

"သားသမီးချင်း ကိုယ်ချင်းစာတယ်ဆိုရင် လိင်စိတ်ကြွဆေးများ မရောင်းနဲ့

၆.၁.၂၀၁၇

စုံတွဲများကို ပစ်မှတ်ထားပြီး ပစ္စည်းလုယက်မှုတွေဟာ နေရာဒေသ အတော်များများမှာ ဖြစ်ပွားလျက်ရှိနေပါတယ် ..။ ပစ္စည်းလုယက်ခံ အချို့စုံတွဲများဆိုလျင် အသက်ကိုပါ ပေးဆပ်လိုက်ရတယ် ..။

လူငယ်သဘာဝ ချိန်းဆိုတွေ့ဆုံတာ အပြစ်မဟုတ်ပေမဲ့ .. အသက်အန္တရာယ် စိုးရိမ်ရလို့ ပြောပြတာကိုတော့ နားလည်စေချင်တယ် ..။

မန္တလေး၊ မိတ္ထီလာ၊ စဉ့်ကိုင်၊ တံတားဦး၊ ကျောက်ဆည်၊ မုံရွာ စတဲ့ဒေသတွေက တက္ကသိုလ်စုံတွဲများကို ပစ်မှတ်ထားပြီး ဓားထောက်ခြိမ်းခြောက် လုယက်နေတဲ့ အဖွဲ့(၁)ဖွဲ့ကို ကျနော်ဖမ်းထားပြီးပါပြီ ..။ သူတို့ကို စစ်ဆေးလိုက်တဲ့အခါ စုံတွဲသတ်ပြီး ပစ္စည်းလုယက်ခဲ့တာတောင် ပါသေးတယ် ..။

စုံတွဲဆိုတာက လူမြင် သူမြင် ထင်ထင်ပေါ်ပေါ် တွဲရဲတဲ့ စုံတွဲရှိသလို .. လူမြင်မခံရဲ သူမြင်မခံရဲတဲ့ စုံတွဲလဲရှိတယ်။ အများအားဖြင့် လူမြင်မခံရဲတဲ့ စုံတွေများဟာ လုယက်ခံရတာများတယ်။ အကြောင်းကတော့ ကောင်လေးနဲ့ ကောင်မလေး ချိန်ဆိုတွေ့ဆုံဖို့ ပထမခြေလှမ်းက စားသောက်ဆိုင် တခုတခုဖြစ်ပါတယ်။ အဲ့ဒီကမှ တဆင့် အချိန်တော်တော်ကြာမှ ချုံကြို ချံုကြားကို ရောက်လာကြတာပါ။

စုံတွဲတွေ ဘာကြောင့် လွယ်လွယ်ကူကူ အလုခံနေရတာလဲလို့ သိလိုတာကြောင့် အချိန်ပေးပြီး သုတေသနလုပ်ကြည့်ခဲ့ပါတယ်.။ နှလုံးသားရေးနယ်ပယ်မှာ ရိုးသားမှုမရှိတဲ့ ကောင်းလေးများက သူတို့ ရည်ငံနေတဲ့ ကောင်းမလေးရဲ့ တုန့်ပြန်မေတ္တာကို အချိန်ကြာကြာစောင့်ဆိုင်းမနေကြတော့ဘူး..။ ကောင်းမလေးဆီက သဲဦးပန်းကို ရရာနည်းလမ်းနဲ့ ခူးခြွေဖို့ဘဲ အားထုတ်လာကြတယ်။ ဒီလိုအား ထုတ်ရာမှာ လူငယ်အချင်းချင်း လက်သိပ်ထိုးပြီး ရောင်းချနေတဲ့ လိင်မှုဆိုင်ရာ စိတ်ကြွဆေးတွေကို အသုံးပြုလာခဲ့ကြတယ်။ အဲ့ဒီ ဆေးဝါးအများစုဟာ အစားအသောက်ထဲကို ရောနှောကျွေးလို့ရတယ်..။ အနံ့အရသာ၊ အရောင်အဆင်း ဘာမှ မပြောင်းလဲဘူး..။ စားသုံးမိပြီးနောက် မိနစ် ၃၀ / ၄၀ အကြာမှ မနေနိုင် မထိုင်နိုင် ယို့တို့ရိုင်တိုင်ဖြစ်လာပြီး ချံုတိုးကြတော့တာဖြစ်တယ် ..။ အဲ့ဒီနည်းလမ်းနဲ့ ကောင်းမလေး အတော်များများ သံဦးပန်းတွေကြွေခဲ့ရတယ်လို့ ပြောဆိုသံများလဲ ကြားသိခဲ့ရတယ်။

ကော်ဖီ၊ ရေသန့်ဗူး၊ အချိုရည်ဗူး၊ ပီကေ၊ ချိုချဉ်၊ နုတ်ခမ်းနီဗူး၊ ချောကလပ်၊ စတဲ့ စားသောက်ကုန် အတုအပတွေထဲမှာ အဲ့ဒီ မိန်းကလေးလိင်စိတ်ကြွဆေးတွေထည့်ထားတယ်လို့ သိရတယ်။ ဒါကိုစားမိတဲ့ ကလေးမကတော့ မုဆိုးကျော့ကွင်းထဲက ယုန်သူငယ်အဖြစ်ကို ရောက်သွားပါပြီ..။

ချံုမြင်တိုး စုံတွဲအများစုဟာ အဲ့ဒီလို လိင်စိတ်ကြွဆေးတွေ သုံးစွဲပြီး ချံုတိုးကြတာဖြစ်တဲ့အတွက် လိင်စိတ်ကလွဲပြီး အခြား ဘာကိုမှ သတိမမူမိကြတော့ပါဘူး...။ ဒါဟာ စုံတွဲများရဲ့ အားနည်းချက် တစ်ခုဖြစ်သလို ပစ္စည်း ပစ္စယ လုယက်ယူငှင်ချင်ကြတဲ့ သူများအဖို့လဲ အားသာချက်တစ်ခုဖြစ်လာရပါတယ် .။

ကောင်းမလေးရဲ့ အငိုက်တစ်ချက်မှာ ကောင်းလေးက သဲဦးပန်းကို အမိအရ ခူးခြွေလိုက်သလို .. ကောင်းလေးရဲ့ အငိုက်တချက်မှာ အလစ်သုတ်အဖွဲ့က ပစ္စည်းပစ္စယများ အမိအရ ၀င်တွယ်လိုက်တယ် ..။ အလစ်သုတ်အဖွဲ့ရဲ့ အငိုက်ကို ရဲတပ်ဖွဲ့က အပြီးအပြတ်ရှင်းထုတ်လိုက်တယ် ..။

အခုပြောချင်တာက စုံတွဲရယ် .. ဆေးဝါးရယ်၊ အလစ်သုတ်ရယ်ဘဲရှိသေးတယ် ..။

ပြသနာရဲ့ အရင်းအမြစ်က ဆေးဝါးကြောင့်ဖြစ်တယ် ။ ရွှေမြန်မာတွေဟာ ကောင်မလေးရော ကောင်ကလေးပါ အရှက်အကြောက် အလွန်ကြီးကြတယ် .။ အဲ့ဒီဆေးဝါးတွေကြောင့်မို့သာ ဖြစ်ချင်တိုင်းဖြစ်နေကြတာပါ..။ စီးပွားရေးသမားများအနေနဲ့ သားသမီးချင်း ကိုယ်ချင်းစာနာတယ်ဆိုခဲ့ရင် အဲ့ဒီလို လိင်စိတ်ကြွဆေးဝါးများကို လုံးဝ မရောင်းချကြပါနဲ့ ..။ ဥပဒေက အပြစ်ပေလျင် လေးငါးခြောက်နှစ်ဘဲ ... လောကကြီးက ဒဏ်ခတ်လာရင် .. ခင်ဗျာတို့အတွက် တဘဝလုံးစာဖြစ်သွားမယ် ...ဒါဘဲ

ရဲအုပ် ရဲအောင်

စခန်းမှူး မုံရွာနယ်မြေရဲစခန်း"

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။