လှိုင်သာယာမြို့နယ်တွင် လက်ဖက်ရည်ဆိုင် မလိုက်သဖြင့် သမက်ဖြစ်သူကို ယောက္ခမဖြစ်သူက ဓားဖြင့် ထိုးမှုဖြစ်ပွားတယ်လို့ ဇန်နဝါရီ ၆ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရပါတယ်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရာ ကို....(၂၄ နှစ်)သည် နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ ရှိနေစဉ် ကြည့်မြင်တိုင်မြို့နယ်နေ ၎င်း၏ယောက္ခထီး ဖြစ်သူ ဦး...(၄၅ နှစ်) ရောက်ရှိလာခဲ့ကာ လက်ဖက်ရည်ဆိုင်သို့ သွားရန် ခေါ်ခဲ့ကြောင်း၊ ယင်းသို့ ဦး... (၄၅ နှစ်) က လက်ဖက်ရည်ဆိုင် ခေါ်သည့်အချိန်တွင် ကို...(၂၄နှစ်) ၏ မိန်းမဖြစ်သူက လိုက်မည်ဖြစ်ကြောင်း ပြောဆိုသော်လည်း ကို... (၂၄ နှစ်)မှာ မလိုက်နိုင်ဟုဆိုကာ ရန်စကား ပြောဆိုခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရ သည်။ ထိုသို့ ရန်စကားပြောဆိုသည့် အချိန်တွင် ဦး...(၄၅နှစ်)က ကို ...(၂၄နှစ်)အား ဓားဖြင့် ထိုးခဲ့ကြောင်း သိရပါတယ်။

ဓားဖြင့် အထိုးခံရသဖြင့် ကို ....(၂၄နှစ်) မှာ ယာရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲပေါင်ထိပ် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိကာ လှိုင်သာယာ ဆေးရုံမှတစ်ဆင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရပါတယ်။

Source: elevenmedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။