ပရိသတ်ကြီးရေ အခုဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်က ဈေးအကြီးဆုံးသော ဟမ်ဘာဂါ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဟမ်ဘာဂါရဲ့ ဈေးနှုန်းကိုတော့ ယနေ့အချန်အထိ ဘယ်ဟမ်ဘာဂါကမှ လိုက်မမှီနိုင်သေးဘူး။ ကဲ… အခု ဒီဟမ်ဘာဂါက ဘာလို့ အာ့လောက်တောင်ဈေးကြီးရလဲဆိုတာ ကျနော်တို့ တစ်ချက်လောက်လေ့လာ ကြည့်လိုက်ရအောင်ဗျာ… 

ဒီဟမ်ဘာဂါရဲ့ နာမည်ကတော့ Le Burger Extravagant လို့ခေါ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဆိုင်တစ်ဆိုင်မှာရောင်းချပေးတာပဲ ဖြစ်ပါတယ်။ ဒီဟမ်ဘာဂါထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေက တော့ ဂျပန်နိုင်ငံ အထူးသီးသန့်မှာထားတဲ့ အမဲသား အပြင် အလွန်ရှားပါးပီး အရသာလည်းရှိတဲ့ မြေအောင်းမှို ရယ် ငုံးဥ နဲ့ အဖြူရောင် ထောပတ် အိအိလေးတို့ က အဓိက ပါဝင်ထားပါတယ်။ 

ဒီလိုရှားပါးပြီး အရသာအလွန်ရှိလှတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဟမ်ဘာဂါရဲ့ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၂၉၅ ( မြန်မာငွေ သုံးသိန်းခွဲကျော်) တန်ဖိုးရှပါတယ်။ ဒါကြောင့် ဒီဟမ်ဘာဂါကိုစားမယ်ဆိုရင်တော့ ရွှေပန်းကန် ၊ရွှေဇွန်းနဲ့စားမှ ပိုပီးလိုက်ဖက်သွားမှာပဲ ဖြစ်ပါတယ်။ ဒေါ်လာ ၂၉၅ တန်ကြေးရှိတဲ့ ဒီဟမ်ဘာဂါရဲ့ ဈေးနှုန်းဟာ လက်ရှိမှာတော့ ကမ္ဘာ့ဈေးအကြီးဟမ်ဘာဂါအဖြစ် ဂင်းနစ်စံချိန်တင်ထားပါတယ်။  

Source : Serendipity 3

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။