၂ဝ၁၇ ရာသီ MNL-2 ပထမတန်းအမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၁၇ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး အသင်း ၁၁ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အပတ်စဉ် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်ပြီး အချို့ အပတ်များတွင် တနင်္လာနှင့် ကြာသပတေးနေ့တို့တွင် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်(၁)အဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် အောင်ဆန်းကွင်း၌ မောရဝတီ အသင်းနှင့် ဖုန်ဂန်အသင်း၊ သုဝ္ဏကွင်း၌ စီးတီးစတားအသင်းနှင့် သန်လျင်ယူနိုက်တက် အသင်း၊ ပဒုမ္မာကွင်း၌ တက္ကသိုလ်လက်ရွေးစင် အသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်း၊ ဇန်နဝါရီ ၁၈ ရက်တွင် သုဝဏ္ဏကွင်း၌ စီးတီးရန်ကုန်အသင်း(ယခင်Horizon) နှင့် မဟာယူနိုက်တက်အသင်း၊ အောင်ဆန်းကွင်း၌ မြဝတီအသင်းနှင့် ဒဂုံ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ MNL-2 ပြိုင်ပွဲတွင် အသင်း ၁၁ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ဖွဲ့စည်းထားသည့် မြန်မာယူ-၁၈(က)အသင်းသည် Phoenix အသင်းအမည်ဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲယှဉ်ပြိုင် မည့် အသင်းများမှာ စီးတီးရန်ကုန်၊ Phoenix ၊ စီးတီးစတား၊ သန်လျင် ယူနိုက်တက်၊ မြဝတီ၊ ဖုန်ဂန်၊ မောရဝတီ၊ တက္ကသိုလ်လက်ရွေးစင်၊ ငွေကြယ် ပွင့်လေးများ၊ ဒဂုံနှင့် မဟာယူနိုက်တက်အသင်းတို့ဖြစ်သည်။MNL-2 ပြိုင်ပွဲ ယှဉ်ပြိုင်မည့်အသင်းများမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ပြိုင်ပွဲကိုပါ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ထိပ်ဆုံးနှစ်သင်းမှာ လာမည့်ရာသီတွင်MNLသို့ တန်းတက်ခွင့်ရမည်ဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။