ဒီယေဂိုကော်စတာဟာ လက်ရှိ ဆောင်းရာသီ စျေးကွက်မှာ တရုပ်ကလပ် Tianjin အသင်းထံကနေ စံချိန်တင် လစာနဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ဒီနောက်မှာတော့ သူဟာ လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးနည်းပြနဲ့ စကားများခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အသင်းရဲ့ လူစာရင်းကလည်း ချန်လှပ် ခံခဲ့ရသလို တစ်ယောက်ထဲ သိီးသန့် ထရိန်နင် ဆင်းနေရပါတယ်။ ဒီလိုအခြေအနေမှာ ကော်စတာရဲ့အေ့ဂျင့် မန်ဒက်စ်က တရုုပ်ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

" ကျွန်တော် မန်ဒက်စ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူဟာ ကျွန်တော့်မြို့ကို လာလည်ပြီး တွေ့ဆုုံခဲ့တာပါ။

တွေ့ဆုံခဲ့တဲ့အချိန်မှာ ကော်စတာကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အကြောင်း သူ့ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ကော်စတာဟာ အသင်းကနေ ဒီဘောလုံးရာသီအပြီးမှပဲ ထွက်ခွာခွင့် ရှိတယ်လို့ နားလည်ထားပါတယ် " လို့ Tianjin ပိုင်ရှင် Shu Yuhui က မီဒီယာတွေကို ပြောခဲ့ပါတယ်။

ကော်စတာဟာ အခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြနေပြီး ချယ်ဆီးအသင်း ထိပ်ဆုံး ရောက်အောင် စွမ်းဆောင်ထားပါတယ်။သူဟာ ဂိုးသွင်းဘုရင် ဆုအတွက်လည်း ရေပန်းစားနေပါတယ်။

#နေ့သစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။