နာမည်ကျော် အိပ်မွေ့ပညာရှင်အဖြစ် ရပ်တည်လျှက်ရှိတဲ့ Max Kirsten ဟာ ဆေးလိပ် စွဲစွဲမြဲမြဲ သောက်တဲ့ ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်တဲ့ Ewan McGregor နဲ့ Adele တို့အပါအဝင် လူ ငါးသောင်းကျော်ကို ဆေးလိပ်ပြတ်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ Max ကိုယ်တိုင်က ယခင်က တစ်ရက်ကို ဆေးလိပ် အလိပ် 40 အထိ သောက်တဲ့ Big Smoker

တစ်ယောက်ပါ။

Max ယခု ညွှန်ပြခဲ့တဲ့ နည်းလမ်းတွေဟာ အိပ်မွေ့ပညာရပ်နဲ့ စိတ်ပညာရပ်ဆိုင်ရာ အမူအကျင့် ပြောင်းလဲရေးကို ရော

စပ်ထားတဲ့ နည်းလမ်းကို သုံးထားပါတယ်။ ဒါကြောင့် ဆေးလိပ် စွဲစွဲမြဲမြဲ သောက်သူတွေအနေနဲ့ အောက်ပါ နည်းလမ်း

တွေကို လိုက်နာကျင့်သုံးတာနဲ့ ဆေးလိပ်ပြတ်စေရမယ်လို့ Max က အာမခံထားပါတယ်။ လိုက်နာလုပ်ဆောင်ရမယ့် အရာတွေကတော့ …

အဆင့်(၁) ဆေးလိပ်ဖြတ်ဖို့ ပြင်ဆင်ခြင်း

(၁) ဆေးလိပ်သောက်တဲ့အခါတိုင်း မတူညီတဲ့ တံဆိပ်တွေကို ပြောင်းပြီး အသုံးပြုပါ၊

(၂) ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လို ကျန်းမာရေးကောင်းကျိူးတွေ ရလာမယ်ဆိုတာကို လေ့လာပါ၊

(၃) ဆေးလိပ်ဖြတ်ရခြင်း အကြောင်းအရင်းကို အနည်းဆုံး သုံးခုလောက် ရေးမှတ်ပါ၊ (ဆေးလိပ်သောက်တိုင်း ထုတ်ကြည့်ရန်)

(၄) ဆေးလိပ်မဖြတ်ခင် တစ်ရက်အလိုမှာ ဆေးလိပ်တစ်ဖွာ၊ ရေတစ်ငုံ သောက်ဖြစ်အောင် သောက်ပါ။

အဆင့်(၂) ဆေးလိပ်ဖြတ်ခြင်း

(၁) စိတ်ကို ပျက်သားအောင် ထိန်းသိန်းပါ၊

(၂) ဆေးလိပ်အငွေ့တွေရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်ရှားပါ၊(အခန်းထဲမှာရှိတဲ့ ဆေးလိပ်ပြာခွက်နဲ့၊ ဆေးလိပ်တိုတွေကို စွန့်ပစ်ပါ)

(၃) ၀ါသနာပါရာတစ်ခုခုကို စိတ်နှစ်လုပ်ကိုင်ရင်း ဆေးလိပ်ကို မေ့ဖို့ကြိုစားပါ၊

(၄) ဆေးလိပ်သောက်ချင်စိတ် ဖြစ်တိုင်း ဆေးလိပ်ဖြတ်ရခြင်းအကြောင်းအရင်းတွေကို ပြန်ဖတ်ပါ။ .. စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

ဆေးလိပ်ဖြတ်ခြင်းနဲ့ပတ်သက်ပြီး Ewan McGregor ကလည်း ၎င်းဟာ Max ထုတ်လုပ်ထားတဲ့ App ကို အသုံးပြုပြီး၊ ဆေးလိပ်ပြတ်ခဲ့သူ ဖြစ်ကြောင်း၊ ပထမတော့ ဆေးလိပ်ဖြတ်ရတာ ခက်ခဲပေမယ့် တစ်ချက်ချင်း လို်က်နာကြည့်တဲ့အခါ ဆေးလိပ်ပြတ်ဖို့ လွယ်ကူသွားကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။

source : thesun.co.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။