ဒီတပါတ်ပရီးမီးယားလိဒ်သတင်းတွေထဲမှာ အဟော့ဆုံးဖြစ်ခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူးကော်စတာဟာ မနေ့ကစပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သလို၊ သတင်းဓါတ်ပုံများအရ ကစားဖေါ်များ၊နည်းပြအဖွဲ့များနှင့် နွေးထွေးမှုပြန်ရနေပြီဖြစ်ပါတယ်။

ဒါပေမယ့် နွေရာသီမှသူထွက်ခွာသွားနိုင်တယ်ဆိုတဲ့ သတင်းများကတော့ ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး၊ အဲ့ထက် အံ့အားသင့်စရာကောင်းတာက ကော်စတာထွက်ခွာသွားလျှင် အမြန်အစားထိုးနိုင်ရန်အတွက တိုက်စစ်မှူးရှာဖွေနေတဲ့် ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ အဓိကကစားသမား ချီလီသား အဲလက်စ်ဆန်းချက်ကိုပါ ၄င်းတို့ရဲ့ပစ်မှတ်ထဲ ထည့်ထားတဲ့အကြောင်း Mirror သတင်းစာမှာဖေါ်ပြထား ပါတယ်။

ဆန်းချက်ဇ်ရဲ့စာချုပ်သက်တမ်းဟာ (18)လသာကျန်ရှိနေပြီး သက်တမ်းတိုးဖို့အတွက် အာဆင်နယ်နဲ့လစာ ကိတ်စ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းမှစတားပလေယာများရဲ့တပါတ်လုပ်ခလစာ ပေါင်နှစ်သိန်းကျော်နေကြချိန်မှာ အာဆင်နယ်ရဲ့ စတားပလေယာနှစ်ဦးဖြစ်တဲ့ ဆန်းချက်ရဲ့တပါတ်လုပ်ခလစာဟာ ပေါင် တစ်သိန်းသုံးသောင်းနှင့် အိုဇေလ်းရဲ့လစာကတော့ ပေါင်တစ်သိန်းလေးသောင်းသာရှိနေပါတယ်။ပြီးခဲ့တဲ့တပါတ်ကလည်းဆန်းချက်တစ်ယောက်စပိန်မှာ ဆောင်လိုက်ရတဲ့ဝင်ငွေခွန်က ပေါင်တစ်သန်းနီးပါးအထိရှိခဲ့တယ်လို့သိရပါတယ်။

#မောရစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။