ဘောလုံးအသင်းတွေ နှင့် ပတ်သက်ပြီး အကြိုက်ဆုံးအသင်းကို မေရမယ်ဆိုရင် ဆယ္်ယောက်မှာ ကိုးယောက်လောက် က Manchester United လို့ဖြေမှာ မလွဲပါဘူး။ အခြားအသင်းတွေ ကြိုက်တဲ့ သူများရှိသော်လည်း တစ်နိုင်ငံလုံးက လူတွေအားလုံး မန်ယူကို ကြိုက်တယ်လို့ပြောရတဲ့ အထိပေါများတာပါ။ အစဉ်အဆက် အားပေးလာခဲ့တဲ့ နောက်မှာတော့ Myanmar လို့နာမည်တက်ပြီးပြောကာ ကျေးဇူးတင်ရတဲ့အထိရောက်ခဲ့ပြီလေ။

Facebook မှာရှိတဲ့ Manchester United ရဲ့ official page ကနေပြီး

'Hey Myanmar!

We wanted to say a big thank you for all your support - this month we've had more new fans follow us from Myanmar than any other country in the world! ???

Glory glory Man United...'

'မင်္ဂလာပါ မြန်မာ

ကျွန်တော်တို့ကို အားပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ - ဒီလမှာဆိုရင် အခြားနိုင်ငံက ပရိသတ်တွထက် မြန်မာနိုင်ငံ က ပရိသတ်တွေအမြောက်အများက ကျွန်တော်တို့ ကို follow လုပ်တာကို တွေ့ရပါတယ်။

Glory glory Man United' ဆိုပြီး နိုင်ငံနာမည်ကို တက်ကာ ကျေးဇူးတင်စကားအပြောခံရပါတယ်။ ဂုဏ်ယူလိုက်တော့....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။