အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီးတဦးဟာ သူ့ရဲ့ခန္ဓာကိုယ်ကို မကွေးနိုင်၊ မဆန့်နိုင်ဘဲ တုတ်ချောင်းတချောင်းလို အတောင့်လိုက်ဖြစ်နေတဲ့အတွက် သူ့ဟာသူ မလှုပ်ရှားနိုင်ဘဲ တခြားသူတွေရဲ့ အကူအညီနဲ့ နေထိုင်နေရပါတယ်။

အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ ဆူလာမီ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ဂျာဗားအလယ်ပိုင်း၊ ဆရာဂျန်ဒေသမှာ နေထိုင်ပြီး ဝါးကျောရိုးလို့ အသိများတဲ့ ရှားပါးရောဂါတမျိုး ခံစားနေရတာပါ။ဆေးပညာအခေါ်အရ Ankylosing Spondylitis လို့ခေါ်တဲ့ ဒီရောဂါဟာ ရှားပါး မျိုးဗီဇဆိုင်ရာ ပုံသဏ္ဌာန်မမှန်တဲ့ ရောဂါတမျိုးဖြစ်တယ်လို့ ဆရာဂျန် ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်လောက်ကမှ ဆူလာမီဟာ မထိုင်နိုင်၊ ခန္ဓာကိုယ်ကို မကွေးနိုင်၊ မဆန့်နိုင်တော့ဘဲ ခုလိုအခြေအနေထိ ဖြစ်လာခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။လက်ရှိမှာတော့ သူဟာ လမ်းလျှောက်ဖို့အတွက် တုတ်ကောက်ကို အသုံးပြုနေရပြီး အသက် ၉၀ အရွယ် အဖွားဖြစ်သူရဲ့ အကူအညီနဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ဒီရောဂါခံစားနေရသူတွေဟာ ကျောရိုးနာကျင်တာတွေ၊ တောင့်တင်းနေတာတွေနဲ့ မောပန်းနွမ်းနယ်တာတွေကို ခံစားနေရမှာဖြစ်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုနဲ့ စိတ်တည်ငြိမ်အောင်ပြုလုပ်တဲ့ တရားထိုင်တာမျိုးတွေနဲ့သာ ဒါကို ကုသနိုင်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ လူ့သက်တမ်းကို သီးခြားအကျိုးသက်ရောက်စေမှာ မဟုတ်ပေမယ့် တခြား အရေးကြီးတဲ့ နှလုံးသွေးကြောဆိုင်ရာ၊ ကျောရိုးကျိုးနိုင်တာတွေ၊ ရင်ဘတ်နဲ့ ကျောက်ကပ်ဆိုင်ရာရောဂါတွေ အလွယ်တကူ ဝင်လာတတ်တာမို့ ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။

Soutce : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။