ချယ်ဆီးအသင်းဟာ အက်သလီကို မက်ဒရစ်ကစားသမား ကာရက်စကိုကို စာချုပ်ပါလျော်ကြေး ၈၆သန်းနဲ့ နွေရာသီမှာ ခေါ်ယူသွားနိုင်ပါတယ်လို့ သတင်းတစ်ရပ်ကဖော်ပြလိုက်ပါတယ်။

အက်သလီကို နည်းပြဆီမြွန်နီက အဓိကကစားသမား ဂရေ့စမန်း ကာရက်စကို အစရှိတဲ့သူတွေကို နွေရာသီမှာ လက်လွတ်ရဖွယ်ရှိလို့ခေါင်းကိုက်နေရပြီး ကာရက်စကိုဟာ အသက်၂၃နှစ်အရွယ်ရှိပြီး ဘယ်ဂျီယံကစားသမားဖြစ်လို့ ချယ်ဆီးကသာခေါ်ယူခဲ့ပါက ဟာဇက် ကော်တွိုက် ဘက်ရှူအာရီတို့ရှိနေလို့ အထိုင်ကျဖို့ အကူအညီရမှာလည်းဖြစ်ပါတယ်။

အက်သလီကိုအသင်းအတွက် ၂၉ပွဲကစားပေးကာ ၁၂ဂိုးသွင်းယူပေးထားတဲ့ ကာရက်စကိုဟာ အက်သလီကို အသင်းနှင့် ၂၀၂၂ အထိ စာချုပ်ရှ်ိနေလို့ စာချုပ်ပါလျော်ကြေးအရ ၈၆သန်းနှင့်ခေါ်ယူခွင့်ရှိပြီး အော်စကာကိုရောင်းလို့ရတဲ့ ငွေနှင့်ဖြည့်တင်းဝယ်ယူသွားနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။