အသက် ၃၀ မှာအိမ်ထောင်ပြုမယ်လို့ ပြောထားတဲ့အေးမြတ်သူဟာ ယခုဆို အသက် ၃၀ ပြည့်ပြီဖြစ်တဲ့အတွက် မင်္ဂလာသတင်းကြားရတော့မှာလားလို့ မေးမြန်းတဲ့အပေါ် အေးမြတ်သူကနေ ယခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

" အေးမြတ်သူက အသက် (၃၀)မှာ အိမ်ထောင်ပြုချင်တာ သိတတ်တဲ့အရွယ်ကတည်းက။ (၁၈)နှစ်တုန်းက (၂၃)နှစ်မှာ အိမ်ထောင်ပြုချင်တာ။ ကိုယ့်ရဲ့စိတ်ကူးထဲက အိပ်မက်။ ဒါပေမဲ့ အဲဒီတုန်းကလည်း မရခဲ့ပါဘူး။ အဲဒါကြောင့် အသက်(၃၀)မှာ အိမ်ထောင်ပြုမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်အားဖြင့်၊ ကျန်းမာရေးအခြေအနေအားဖြင့် မိန်းမတစ်ယောက်က (၃၀)မှာ အဆင်ပြေဆုံးပဲ။ ကိုယ့်ရဲ့ကလေးတွေ၊ မိသားစုအတွက်၊ ကိုယ့်ရဲ့ အိပ်မက်ကို ပြောခဲ့တာ။ ဒါပေမဲ့ အသက်(၃၀)မှာ အဲဒီကိစ္စကို အကောင်အထည်မဖော်နိုင်သေးဘူး။ ဆက်ပြောရရင်တော့ အသက် (၃၃) နှစ်မှာတော့ နောက်ဆုံးထားပြီး အိမ်ထောင်ပြုချင်တယ်။ "

" အိမ်ထောင်မပြုဘူး မပြောဘူး။ မိသားစုဘဝကို တအားမက်မောတယ်။ တအားလည်းလိုချင်တယ်။ အေးမြတ်သူရဲ့ Feelingက အနုပညာအလုပ် လုပ်တယ်။ သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို လိုချင်တယ်။ အိမ်ထောင်တော့ပြုမယ်။ မရသေးတာပဲရှိတာ။ ဒါကတော့ အေးမြတ်သူရဲ့ အားနည်းချက်လား၊ ချို့ယွင်းချက်လားတော့ မသိဘူး။ ကံကြမ္မာကလည်း မပေးသေးတာဖြစ်မှာပေါ့။ " 

ဒါ့အပြင် အေးမြတ်သူကနေ သူမရဲ့ပရိသတ်တွေကို ယခုလိုစကားပြောဆိုခဲ့ပါတယ်။

" လူတွေက ကိုယ့်ကိုယ်ကိုယ် ရပ်တည်တယ်လို့ပြောတယ်။ သူများအတွက်တော့ မသိဘူး။ အေးမြတ်သူအတွက်တော့ မှားတယ်။ အေးမြတ်သူကကိုယ့်ကိုယ်ကိုယ် ရပ်တည်တာမဟုတ်ဘူး။ ပရိသတ်ရဲ့ထောက်ပံ့မှုနဲ့ ရပ်တည်ရတာပါ။ အဲဒီအတွက် ဆယ်နှစ်ကျော်မှာချစ်တဲ့ ပရိသတ်တွေမှားတာ၊ မှန်တာ၊ ကောင်းသည်၊ ဆိုးသည် ကို အမြဲတမ်းဝေဖန်ပေးတဲ့ ဆုံးမပေးတာ ပရိသတ်တွေပါ။ မိဘစကားကို သိပ်နားမထောင်ဘူး။ ပရိသတ်စကားကို အပြည့်အဝနားထောင်တယ်။ အဖေ၊ အမေကျ ကိုယ်ကဆိုးလို့ရတယ်။ ပရိသတ်ကိုကျ ဆိုးလို့မရဘူး။ ကိုးကွယ်ရာကတော့ ဗုဒ္ဓပြီးရင် အဖေနဲ့ အမေ။ ဒါပေမဲ့ စကားနားထောင်တာကတော့ ပရိသတ်ရဲ့ စကားကို ရာနှုန်းပြည့် နားထောင်တယ်။ ပရိသတ်မလုပ်နဲ့ဆို မလုပ်ဘူး။ ဒါမှားတယ်ဆို ပြင်တယ်။ မလုပ်နဲ့ဆိုတာက တချို့အရာတွေတော့ ရှိတာပေါ့။ အေးမြတ်သူက သရုပ်ဆောင်တစ်ယောက်ဖြစ်နေတော့ ဇာတ်ကောင်စရိုက်ပီပြင်အောင်၊ ကောင်းအောင်ကြိုးစားတယ်။ တစ်ခါတလေကျရင် ဇာတ်ကောင် စရိုက်အရ၊ ဖက်ရှင်ကဏ္ဍအရ ပရိသတ်မကြိုက်သော ဝတ်စားဆင်ယင်မှုလေးတွေ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါကျရင် နားလည်ပေးပါ။ တအားကြီးအလွန်အကျွံ မဟုတ်ခဲ့ရင်၊ အေးမြတ်သူလည်း အလွန်အကျွံမလုပ်ဘူးလို့ ကတိပေးတယ်။ တစ်ခါတလေ ပရိသတ်အမြင်မတင့်တယ်တာမျိုးရှိ ရင် အေးမြတ်သူတို့ကို နားလည်ပေးစေချင်တယ်။ အဲဒါလေးတော့ ပရိသတ်ကို ခွင့်တောင်းတာပါ။ "

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။