ဘရာဇီးကွင်းလယ်ကစားသမား ဖြစ်တဲ့ ဖရက်ဒ်ဟာဆိုရင်တော့ ယခုအခါမှာ မန်ယူနိုက်တက် အသင်းရဲ့ အကျီၤနဲ့ တရားဝင်ပုံရိပ်တွေ ထွက်ရှိလနေပြီပဲ ဖြစ်ပါတယ်။ ဖရက်ဒ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင်တည်းက မန်ယူနိုက်တက်နဲ့ အတူ သဘောတူ စာချုပ်ချုပ်ဆိုထားခဲ့အပြင် ဆေးစစ်တာတွေ လည်း အကုန်ပြုလုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ အလုပ်လုပ်ခွင့်ပါမစ်မရသေးတာကြောင့် အခုလိုတရားဝင်ပုံရိပ်တွေ မတင်သေးတာ ဖြစ်တယ်လို့ လည်း သိရပါတယ်။  

ယခုအခါမှာတော့ အလုပ်လုပ်ခွင့်ပါမစ် ရရှိသွားပြီ ဖြစ်လို့ မန်ယူနိုက်တက်အသင်းရဲ့ လူမှုကွန်ယက်ပေါ်ကနေ ဖရက်ဒ်ရဲ့ တရားဝင်ပုံရိပ်တွေကို တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘရာဇီးအသင်းရဲ့ လက်ရွေးစင်ကစားသမား ဖြစ်သလို ရှက်တာဒိုးနက်စ်အသင်းရဲ့ ကစးသမားဟောင်းတစ်ဦး ဖြစ်တဲ့ ဖရက်ဒ်ဟာ မန်ယူနိုက်တက် အသင်းရဲ့ လိုအပ်နေတဲ့ အကောင်းဖြည့်စွမ်းပေးနိုင်မယ်လို့ အသင်းရဲ့ ပရိသတ်တွေကလည်း မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ 

ဖရက်ဒ်ကိုယ်တိုင်ကလည်း မန်ယူ အသင်းမှာ ကစားခွင့်ရတဲ့အတွက် အလွန်ပဲ ပျော်ရွှင်နေပြီး အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးသွားမယ်လို့ လည်း ပြောကြားထားပါတယ်။ လာမယ့် ရာသီမှာတော့ မန်ယူနိုက်တက်ရဲ့ နည်းပြဖြစ်တဲ့ မော်ရင်ဟိုကတော့ ကွင်းလယ်မှာ မာတစ်နဲ့ ဖရက်ဒ်ကို အတူတွဲထားဖို့ ရှိပြီး သူတို့နှစ်ယောက်ရဲ့ ကွင်းလယ်ပိုင်း လုပ်ဆောင်နိုင်စွမ်းဟာ ဘယ်လောက်အထိ ကောင်းမလဲ ဆိုတာကတော့ လာမယ့်ရာသစ်ပသစ်မှာ စောင့်ကြည့် ချင်စရာ ကောင်းလှပါတယ်…

Source : Manchester United Official Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။