မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက်တွေက တဆင့် ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး အခုထိ ရှိနေဆဲဖြစ်တယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်ဘက် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ၁၀ ရက်အကြာမှာ အခုလို မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။စင်္ကာပူ မှာလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးနောက်တရက် ဇွန်လ ၁၃ ရက်နေ့ကပဲ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေက ထပ်ရှိတော့မှာ မဟုတ်ဘူးလို့ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ဖူးတာပါ။ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီတုန်းကတော့ သမ္မတ ထရမ့်ရဲ့ မစ္စတာကင်အပေါ် လိုက်လျောမှုတွေအပေါ် အံ့အားသင့်မှုတွေလည်း ရှိခဲ့တာပါ။အမေရိကန် သမ္မတထရမ့်ဟာ သက်ဆိုင်တဲ့ မြောက်ကိုရီးယားအပေါ် ၂၀၀၈ ခုနစ်ကတည်းက ချမှတ်ထားတဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေအပေါ် မူတည်ချမှတ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ သက်တမ်းတိုးမှုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို သောကြာနေ့က ချမှတ်ခဲ့ပါတယ်။ဒီလို သက်တမ်းတိုးလိုက်တာကြောင့် အရေးပေါ် အမျိုးသားလုံခြုံရေးအခြေအနေအရ မြောက်ကိုရီးယားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုဟာ လာမယ့် ၂၀၁၉ ခုနစ်အထိ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။သမ္မတ သက်တမ်း ၃ ကြိမ်အတွင်း အဲဒီ အရေးယူမှုတွေ ပုံမှန်လုပ်လာခဲ့တဲ့ ကိစ္စရပ်တွေဖြစပါတယ်။

စွန့်စားရမှုတွေနဲ့ ပေါများလှတဲ့ နျူကလီးယားလက်နက် အစိတ်အပိုင်းတွေဟာ ကိုရီးယား ကျွန်းဆွယ်မှာ ရှိနေဆဲဖြစ်ပါတယ်လို့ ထရမ့်က ပြောပါတယ်။၂၀၀၈ ခုနစ်ကတည်းက စတင်ခဲ့တဲ့ အဲဒီအရေးပေါ် အမျိုးလုံခြုံရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုအတွက် ဆုံးဖြတ်ချက် ချမှတ်ခွင့်ဟာ သမ္မတမှာ ရှိနေတာဖြစ်ပါတယ်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ မဖျက်သိမ်းမချင်း ဆန်ရှင် ပိတ်ဆို့ အရေးယူမှုတွေဟာ ဆက်ရှိနေမှာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုဟာ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုအတွက် အခြေခံကျတဲ့ ဆုပ်ကိုင်ထားမှုလည်း ဖြစ်တယ်လို့ ပြောပါတယ်။

Source - BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။