တိုင်ရွန်တစ်ယောက် မကြာသေးခင်က ထွက်ပေါ်လာတဲ့ ရိုက်ကွင်းတစ်ခုပေါ်က ဓါတ်ပုံတွေကြောင့် ဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ ။ ဟန်လေး နဲ့ တိုင်ရွန်တို့ ကြော်ငြာရိုက်ကူးနေတဲ့အချိန် အမှတ်မထင် ထွက်ပေါ်လာတဲ့ ဒီပုံတွေဟာ Body shaming လုပ်ပြီးတိုက်ခိုက်ချင်ကြသူတွေအတွက် ထိုးနှက်ချက်ကောင်း တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် တိုင်ရွန်တစ်ယောက်က တော့အပြုံးမပျက်ဘဲ ဝေဖန်တိုက်ခိုက်ကြသူတွေကို ဖြေရှင်းချက်လှလှလေးထုတ်လိုက်တာကတော့အခုလိုပါ။"မရှင်းတော့ဘူးလုပ်ထားပေမယ့် body shaming အရမ်းလုပ်လာကြလို့ရှင်းပြတာပါ ဒေါက်စီးထားလို့ ဖိနပ်မချွတ်ခိုင်းတော့ဘဲ ဓာတ်ပုံ ဆရာကလည်းခြေဖျားဘဲထောက်လိုက်တော့ဆိုတော့ ပုံထဲမှာအဆင်ပြေအောင်ထောက်လိုက်ရပါ နားလည်ပေးကြပါ ဟန်လေးကနဂိုထည်းကလည်းအရပ်မြင့်တယ် ခြောက်လက်မဒေါက်ဆိုတော့ လည်း ပုံထဲမှာဆင်ပြေအောင်လုပ်လိုက်ရတာပါ ။ပုတော့ပုတယ် ဒါပေမယ့်လည်းဗျာ ငါးပေကိုးအထက်ကနေ လေရှုလို့ရရင်ပီးတာဘဲ။ "လို့ ချစ်စရာကောင်းအောင်ရှင်းပြလိုက်လေရဲ့ ။

တိုင်ရွန်ပြောသလိုပါဘဲ အရပ်ရှည်ခြင်း၊ပုခြင်းတွေဟာလောကမှာအရေးမပါပါဘူး နော် ။ တကယ့်အရည်အချင်းကတော့ မိမိရဲ့ကြိုးစားမှုတွေကသာ ကိုယ့်ကို တောင်ပြောင်အောင်အရောင်တင်ပေးနိုင်မှာပါ ။ ပရိသတ်ကြီးရော Body Shaming လုပ်ခြင်းဟာ တပါးသူတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပေးတဲ့အတွက် မလုပ်မိအောင်ကြိုးစားနေထိုင်ကြရအောင်နော် ။ Body Shaming ကြောင့် စိတ်ဓါတ်ကျနေတဲ့ ပရိသတ်ကြီးရှိရင်လည်း တိုင်ရွန်အဝင်းလို ပြုံးပြုံးလေးတုံ့ပြန်ကြမယ်ဆိုရင် မှတ်ချက်လေးတွေမှာ ပြောပေးသွားကြပါဦးနော်။

Source -Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။