ပရိသတ်တွေကြား ငေးမောအားကျစရာကောင်းတဲ့ မင်္ဂလာပွဲကြီးကျင်းပပြုလုပ်ခဲ့တဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတော့ မကြာခင်မှာ မိဘတွေဖြစ်တော့မယ်လို့ သိရပါတယ်။ မြတ်ရတနာကျော်ကတော့ ရင်သွေးလေးလွယ်ထားရပြီး မကြာခင်မီးဖွားတော့မယ်လို့လည်း သိရပါတယ်။ အာဘွိုင်းရဲ့ instagram မှာတော့ မကြာခင်မိဘတွေဖြစ်ရတော့မယ့် သူတို့နှစ်ဦးအတွက် အရမ်းရင်ခုန်စိတ်လှုပ်ရှားမိတယ်ဆိုပြီးတော့လည်း ရေးသားထားတာ တွေ့ရပါတယ်။ 

"We can't keep calm, we are going to be parents" ဆိုပြီး ဇနီးမဗိုက်လေးနဲ့အတူ ဓာတ်ပုံလေးတင်ထားပါတယ်။ ဓာတ်ပုံလေးထဲမှာတော့ မကြာခင်မြင်တွေ့ရတော့မယ့် ရင်သွေးလေးအတွက် အသုံးအဆောင်ပစ္စည်းလေးတွေလည်း ဝယ်လို့ထားတာ တွေ့ရပါတယ်။ မြတ်ရတနာကျော်ကတော့ မကြာခဏဘုရားကျောင်းတက်တာ တွေ့ရပြီး ကလေးလေးအတွက်လည်း အကောင်းဆုံးပြင်ဆင်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြတ်ရတနာကျော်ဟာ ခင်ပွန်းသည်တဲ့အတူ အင်းလေးမှာ အနားယူနေတယ်လို့ သိရပါတယ်။ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေရပ်နားထားပေမယ့်လည်း အခုချိန်ထိအားပေးနေကြတဲ့ ပရိသတ်တွေကတော့ မြတ်ရတနာကျော်လေးအတွက် ဝမ်းသာနေကြပြီး ကလေးရော မိခင်ပါကျန်းမာစေဖို့အတွက် comment တွေမှာ ဆုတောင်းပေးထားကြတာလေးတွေလည်း တွေ့မြင်ရပါတယ်။ 

Photo Source : Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။