မြန်မာပြည်သူတွေတိုင်းရဲ့ သူရဲကောင်းတစ်ဦဖြစ်တဲ့ အောင်လအန်ဆန်းကတော့ ပြည်သူ့မေတ္တာကို ဆက်လက်ခံယူနေပါပြီ။ မနေ့က အမိမြေကို ပြန်လည်ရောက်ရှိခဲ့ပြီး နိုင်ငံကိုယ်စားပြုပွဲအတွက် ပြည်သူတွေရဲ့ကြိုဆိုမှုကြောင့် ဝမ်းသာခဲ့ရတာတွေ့ရပါတယ်။

အောင်လအန်ဆန်းရဲ့လူမှုစာမျက်နှာပေါ်တွင် မနေ့ကရရှိခဲ့တဲ့ ဆုအတွက်ကျေနပ်ပီတိဖြစ်ခဲ့ကြောင်း ရေးသားပြသထားတာတွေ့ရပါတယ်။ အဆိုပါစာသားတွေကတော့

"အမိမြေကိုပြန်ရောက်ရောက်ချင်းမှာပဲ ကျွန်တော့်အတွက်ဂုဏ်ယူရမယ့် ဆုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။

ဒီဆုကတော့၂၀၁၇ခုနှစ်တစ်နှစ်တာအတွက်မြန်မာ့အကောင်းဆုံးအားကစားသမားတွေကို ရွေးချယ်ပေးအပ် တာဖြစ်ပြီး ဒီဆုပေးပွဲမှာ ကျွန်တော်က၂၀၁၇ခုနှစ်အတွက် Sport Personality Award ကို လက်ခံခွင့်ရခဲ့တာဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့အကောင်းဆုံးအားကစားသမားတွေကို ရွေးချယ်ပေးအပ်တဲ့ ဒီဆုပေးပွဲမှာဆုရခဲ့တဲ့တခြားသောနိုင်ငံ့ဂုဏ်ဆောင်အားကစားသမား

တွေအတွက်လည်းဂုဏ်ယူပါတယ်။

အဲ့ဒီအပြင် ဒီဆုကို ချီးမြှင့်ပေးတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးအပါအဝင်စီစဉ်ပေးတ ဲ့မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊မြန်မာနိုင်ငံအားကစားမီဒီယာ အဖွဲ့ချူပ်တို့ကို အထူးအလေးထားကျေးဇူးတင်ကြောင်းပြောချင် ပါတယ်။

အခုရတဲ့ဆုက ကျွန်တော် မကြာခင်မှာကစားမယ့် ပွဲအတွက်လည်း အားဖြစ်စေပါတယ်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ပြည်သူပေးတဲ့အားနဲ့ နိုင်ငံဂုဏ်ဆက်လက်ထမ်းဆောင်နေမယ်ဆိုတဲ့ အောင်လအန်ဆန်းရဲ့ ဆုရရှိခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos -Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။