အိမ်ထောင်ရေးကံကောင်းလို့ ပရိသတ်တွေအားကျနေရတဲ့ မိန်းကလေးတွေထဲမှာ မင်းသမီးချောသဇင်နွယ်ဝင်းကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်နော်။ခင်ပွန်းသည်ရဲ့ အချစ်တွေနဲလိုလေးစိတ် မရှိထားခံရတဲ့သူမကတော့ အိမ်သက်တမ်းမကြာသေးခင်မှာပဲ သားလေးတစ်ယောက်ရလာခဲ့ပြီး သူမတို့ရဲ့အိမ်ထောင်ရေးလေးကတော့ တကယ့်ကိုစိုစိုပြေပြေနဲ့ ပျော်စရာလေးပါပဲ။သူမရဲ့ ချစ်စရာကောင်းတဲ့သားလေးကလည်း ပရိသတ်တွေရဲ့ အသဲကျော်လေး ဖြစ်လို့နေပါတယ်နော်။

သူမကတော့ သားလေးရလာပြီးမှ စွန့်လွတ်သင့်တဲ့အရာတွေကို စွန့်လွတ်ပြီးသားလေးနဲ့ မိသားစုအပေါ်တာဝန်ကျေတဲ့ ဇနီးကောင်း မိခင်ကောင်းဖြစ်အောင် ကြိုးစားနေထိုင်နေတာပဲ ဖြစ်ပါတယ်။အရင်က သူမအနေနဲ့ အလှပြင်ပစ္စည်းလေးတွေကိုသာ ရူးရူးမူးမူး နှစ်ခြိုက်စွာအသုံးပြုခဲ့ပေမယ့် လက်ရှိမှာသားလေးရတော့ စွန့်လွတ်သင့်တာလေးတွေစွန့်လွတ်ပြီးသားလေးအတွက်ပဲ ဂရုစိုက်နေတာမြင်တွေ့ရပါတယ်။ 

သူမရဲ့ လူမှုကွန်ယက်မှာလည်း " အရင်ကတော့ အလှပြင်ပစ္စည်းတွေနဲ့ အခုတော့ပုံပြင်စာအုပ်တွေနဲ့ Peach Lay ကျောင်းစောစောရောက်လို့ ဆော့နေတာ ကျောင်းသားလေးလိမ္မာတယ်နော်" ဆိုတဲ့ စာလေးနဲ့အတူချစ်စရာကောင်းတဲ့ သားမိနှစ်ယောက်ပုံလေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။သူမကတော့လူမှုကွန်ယက်မှာမကြာခဏ ချစ်စရာကောင်းတဲ့သားမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေ မျှဝေ ပေးလေ့ရှိတာကြောင့်ပရိသတ်တွေချစ်မဝဖြစ်နေရတာပဲ ဖြစ်ပါတယ်။တစ်ချိန်ကနာမည်ကျော်တဲ့မင်းသမီးတစ်လက်ဖြစ်ခဲ့သလို လက်ရှိမှာ မိသားစုအတွက် တာဝန်ကျေတဲ့ သူတစ်လေးဖြစ်အောင်ကြိုးစားနေတဲ့ သင်ဇာနွယ်ဝင်းကတော့ တကယ့်ကိုချီးကျူးထိုက်သူလေးပါပဲနော်။

သတင်းအရင်းအမြစ် - သင်ဇာနွယ်ဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။