သုံးရက်ကြာ ထိန်းသိမ်းထားခြင်းခံခဲ့ရသည့် မျိုးကိုကိုစန်း ကိစ္စနှင့်ပတ်သတ်ပြီး ဝတ်မှုန်ရွှေရည်နှင့် အင်တာဗျူး ခဏတာ

"အနုပညာသမားတစ်ယောက်အနေနဲ့ ဝေဖန်ခံရမယ်ဆိုတာ နားလည်ပါတယ်။ ဒါက အနုပညာသမားတိုင်းကြုံရမယ့် ကိစ္စပါ။ ဒါပေမဲ့ အခုဟာကကျ ကစ်ရဲ့ ဟုတ်တာတွေကော မဟုတ်တာတွေကောကို ရည်ရွယ်ချက်ကြီးနဲ့ ကိုယ့်ကိုစော်ကားလာတယ် ထိခိုက်လာတယ် ဆိုတဲ့အတွက် ဒါကို ဘယ်သူလဲဆိုတာ သိချင်တယ်။ ဒီ page ကရေးသားချက်တွေကို ကစ်ဘက်က ကစ်တစ်ယောက်တည်းဘက်က ဂရုမစိုက်ချင်လည်း ရတယ်ဆိုပေမယ့် ကစ်အတွက် အများကြီးထိခိုက်နစ်နာရပါတယ်ရှင်။ ကစ်က public နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် ကစ်အကြောင်းမသိတဲ့ သူတွေဆိုရင် ကစ်ကို တကယ်ထင်သွားနိုင်ပါတယ်။ CCS က လိုတာထက်ပိုပြီး အတင်းပြောတယ်ဆိုတာထက် ထိခိုက်စော်ကားတာမျိုးတွေဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒီလူသည် ကစ်ကို စော်ကားနေတယ် တိုက်ခိုက်နေတယ် ဒါ့ကြောင့် ကစ် ကိုယ်ကိုကာကွယ်တဲ့အနေနဲ့ ကစ်မိဘတွေနဲ့တိုင်ပင်ပြီး ဒီလူကိုဖော်ထုတ်ပေးပါ ဆိုပြီး အကူအညီတောင်းခဲ့တာပါ။

"သူ့ကို ဖြူသလား မဲသလားဆိုတာလည်း ကစ်မသိဘူး။ ကစ်က Cele Cele.Small Page admin ကို ဖော်ထုတ်ပေးဖို့ပဲ တိုင်းကြားခဲ့တာပါ" ဆိုပြီး ပြောသွားခဲ့တာပါ။ ကစ်က မျိုးကိုကိုစန်းကို တိုင်တာမဟုတ်ပါဘူး။ မျိုးကိုကိုစန်းမှန်းလည်း မသိဘူး။ Facebook ပေါ်တွေမှာ ပြန့်တော့မှ မျိုးကိုကိုစန်း ဆိုတာသိခဲ့တာပါ။ သူတို့ဖမ်းတယ်ဆိုတာ ဘယ်သူဘယ်ဝါ ဖြူသလားမဲသလားဆိုတာတောင် မသိပါဘူး။ သိခွင့်လည်း မရှိပါဘူး။ CCS ကို ၁၅ ရက်နေ့က အမှုဖွင့်ခဲ့တာပါရှင်။ ကစ်အကူညီတောင်းတာက CCS ကဘယ်သူလဲသိချင်ပါတယ် ဆိုပြီး အကူအညီတောင်းခဲ့တာပါ" ဆိုပြီး သက်သေခံ စာရွက်အချို့လည်း ပြသခဲ့ပါတယ်။"

Source: Popular

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။