ကိုယ်​ဝန်​​ဆောင်​မိခင်​​များကို လစဉ်​ကျပ်​ ၁ သောင်​းခွဲ​ ထောက်​ပံ့​တော့မယ်တဲ့နော်

၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ် ကျပ်တစ်သောင်းခွဲ ထောက်ပံ့ပေးသွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။

“တနိုင်ငံလုံးက ကိုယ်ဝန်ဆောင်မိခင်တွေကို စစ်တမ်းကောက်မယ်။ ၂၀၁၇ ဘဏ္ဍာနှစ်ကနေ စပြီး တလကို ကျပ်တစ်သောင်းခွဲ ထောက်ပံ့ပေးမယ်။ ကိုယ်ဝန်စရှိချိန်ကနေ ကလေးနှစ်နှစ်သားထိ ကလေး ပထမရက် ၁၀၀၀ ပေါ့။ အဲကာလက အရေးကြီးတယ်။ ဦးနှောက်ဖွံ့ဖြိုးဆုံးအချိန်လေ”လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ နေပြည်တော်မှာရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အဆောက်အအုံမှာ ပြုလုပ်တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်

Credit - DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။