သမီး၂ယောက်ကို ၁၄ နှစ်ကြာနှိပ်စက် မုဒိန်းကျင့်ခဲ့တဲ့ အဖေ

သူတို့ အဖေက ၁၄ နှစ်ကြာ နှိပ်စက်ခဲ့တယ်ဆိုပြီး Australia ကအားကစားသမား ညီအမနှစ်ယောက်က တရားစွဲခဲ့ပါတယ်။ သူတို့ဟာ နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ခံခဲ့ရပြီး အဖေအရင်းကိုယ်တိုင်က မုဒိန်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အဖေကို ကလေးသူငယ် လိင်အကြမ်းဖက်မှုပေါင်း ၈၆ခုထိတရားစွဲ ခံရပြီး အမေကတော့ ၁၃ မှုတရားစွဲခံခဲ့ရပါတယ်။

တရားရုံးကြားနာမှုအရ သူတို့ညီအမ ငါးနှစ်အရွယ်ကတည်းက စတင်နှိပ်စက်ခံခဲ့ရတာဖြစ်ပြီး သူ့အမေကညီမကိုမွေးလို့ ဆေးရုံရောက်နေတဲ့အချိန်မှာ သူ့အဖေက မုဒိန်းကျင့်ခဲ့ပါတယ်။

တကယ့်ကိုမကောင်းဆိုးဝါးပါဘဲလို့ သူမကပြောခဲ့ပါတယ်။ အနှိပ်စက်ခံရလွန်းလို့ သေပြီလို့တောင်ထင်ခဲ့တယ်လို့လည်း ပြောပါတယ်။

တစ်ချို့နေ့တွေကြ အခန်းထဲ ကြိုးနဲ့တုပ်ပြီး သုံးရက်ကြာ ပိတ်လှောင်ထားတတ်လို့ ကျောင်းတောင် မတက်ရတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။ သူတို့ညီအမက အားကစားသမားတွေဖြစ်ပြီး သူတို့အဖေက သူတို့ကို အလုပ်ကထွက်ပြီး လေ့ကျင့်ပေးခဲ့ပါတယ်။

အမေကဒါတွေ သိရက်နဲ့ မတားခဲ့တာ ရှက်သင့်တယ်လို့ တရားရုံးကိုပြောခဲ့ပါတယ်။ သူတို့အမေကတော့ သူ့ယောကျာ်းရဲ့ အမိန့်ကို ငြင်းဆန်ရင် သူတို့အားလုံး အသတ်ခံရမှာစိုးလို့လို့ ပြောခဲ့ပါတယ်။ အဖေကတော့ အပြစ်မရှိကြောင်း ငြင်းဆိုပင်မဲ့ တရားရုံးက ဒီနှိပ်စက်မှုဟာ စနစ်တကျ ပြုလုပ်တာဖြစ်တာကြောင့် အောက်တိုဘာလမှာ အမိန့်ချပြီး ပြစ်မှုထင်ရှားရင် မိဘနှစ်ယောက်လုံး ထောင်ထဲဝင်ရမှာဖြစ်ပါတယ်။

Source : Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။