ဆေးသိပ္ပံနည်းအရဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုတ်ထဲတွင် လူသားတို့ကျန်းမာရေးကိုအထောက်အကူဖြစ်စေတဲ့ ဗီတာမင်နှင့်သတ္တုဓာတ် တို့အလုံအလောက် ပါရှိပြီး၊ ဘေးဖြစ်စေတတ် သော ကိုလက်စထရောလုံးဝမပါရှတဲ့ အတွက်ေ န့စဉ်စားသုံးပေးသင့်တဲ့ အာဟာရဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြု စစ်တမ်းများနဲ့ WHFoods တို့မှ အခိုင် အမာထောက်ခံထားကြပါသည်။ 

(၁) ပဲပြုတ်ထဲမှာ အဆီဓာတ်နှင့်ကယ်လိုရီပါဝင်မှု မရှိသလောက်လွန်စွာနည်းပါးသော်လည်း၊ အာဟာရ ဓာတ်ကြွယ်ဝတဲ့အတွက် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်း သိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါတယ် ။

(၂) ပဲပြုတ်ထဲမှာ ချေဖျက်လွယ်တဲ့ အမျှင်ဓာတ် အမြောက်အများပါရှိပြီး ထိုအမျှင်ဓာတ်များဟာ အစာခြေ လမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့လျားစေတဲ့ အလိုအလျောက်ကြွက်သားလှုပ်ရှားမှုကိုအားပေး လို့ ဝမ်းမချုပ်စေပါဘူး။

(၃) စားတော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ် ပါရှိလို့ သွေးထဲကမကောင်းတဲ့ ကိုလက်စထရောကို လျော့ချပေးနိုင်ပါတယ် ။

(၄) စားတော်ပဲဟာ သံဓာတ်အရင်းအမြစ်ဖြစ်လို့ သွေးနီဥဆဲလ်တွေ ကို ကောင်းစွာ တည်ဆောက်စေပြီး ၊ သွေးအားနည်းရောဂါ နှင့် အလွန်အမင်းမောပမ်းခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပြီး၊ ကိုယ်ခံစွမ်းအား ကိုတိုးတက်မြင့်မားလာစေပါတယ် ။ ဒါ့အပြင် အဆုတ်ထဲမှာရှိတဲ့ အောင်စီဂျင်ကိုခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးပါတယ် ။

(၅) စားတော်ပဲထဲမှာ lutein နှင့် carotenoid တို့ပါရှိလို့၊ ပဲပြုတ်ကို ပုံမှန်စားသုံးတဲ့သူတွေက အသက်အရွယ်ကြီးရင့် လာခြင်းကြောင့် မျက်စေ့ရောဂါအမျိုးမျိုးနဲ့ မျက်စေ့ရေတိမ်ရောဂါ ဖြစ်နိုင်ချေ အလားအလာ ကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များကအကြံပြုထားကြပါတယ် ။

(၆) စားတော်ပဲပြုတ် တစ်ခွက်စာပမာဏထဲမှာ ဗီတာမင်အေ ၄၄% ပါရှိတဲ့အပြင်၊ ဗီတာမင်ဘီ လည်းပါရှိလို့

အရိုးကိုကျန်းမာ သန်စွမ်းစေပြီး ၊ ဟိုမုန်းအပြောင်းအလဲကြောင့် အရိုးကြွတ်ဆတ်ခြင်း ကလည်း

ကာကွယ်ပေးနိုင်ပါတယ် ။ ဒါ့ကြောင့် ကလေး/လူကြီး တွေ သာမက၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါတယ် ။

(၇) သွေးထဲရှိသကြားပမာဏကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သောခွန်အားများကို ထုတ် လုပ်ပေးခြင်း၊ ကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ကောင်း ကျိုးပြု ပါတယ် ။

(၈) Free radicals များမှာ ခန္ဓာကိုယ်ထဲရှိ သွေးကြောနံရံတွေကို အနည်ကျပိတ်ဆို့စေ ပြီး ၊ သွေးကြောမတွေ ကို ပျက်စီးစေပြီး၊ အဆီပိတ်ရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်ရောင်လေးဘက်နာရောဂါ များကို ဖြစ်စေပါတယ် ။ စားတော်ပဲထဲမှာ ပါရှိသော Flavonoids နဲ့ phytonutrients တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်ပေးကာ၊ ထို Free radicals တွေကို တိုက်ထုတ် ပေးလို့ အဆိုပါရောဂါများကို မဖြစ်စေနိုင်ပါဘူး ။ ဒါ့ပြင် သစ်ပင်ထဲတွင် ရှားရှားပါးပါးတွေ့ရသည့် lectins ဓာတ်ပါရှိသဖြင့်၊ သွေးနီဥဆဲလ်များပျော်ဝင်စေကာ၊ သွေးခဲခြင်းမှ ကာကွယ်ပေးပါတယ် ။ 

(၉) ဗီတာမင်ဘီဓာတ်ပေါင်းစုပါရှိကာ homocysteine ပမာဏကို လျော့ကျစေလို့ နှလုံးရောဂါ အမျိုးမျိုးကိုထိထိရောက်ရောက် ကာကွယ်ပေးတဲ့အပြင် နှလုံးရောဂါနဲ့ပတ်သက်ဆက်စပ်လျက် ရှိတဲ့လေဖြတ်ခြင်း တို့ကိုလဲမဖြစ်စေပါဘူး ။ အဲဒါကြောင့် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် စားပေး သင့်ကြောင်း ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါတယ် ။

(၁၀) စားတော်ပဲထဲမှာ ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ပါရှိတဲ့အပြင်၊ ဇင့်သတ္တုဓာတ် အလုံအလောက်ပါရှိပါတယ် ။ ထိုဓာတ်ပေါင်း စုတွေက လေပြွန်ဖောင်းပွသည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ် ဇိုင်မား (ခေါ်) ဦးနှောက်အကြိုဇရာရောဂါ တို့ကို ကာကွယ်ပေး နိုင်ပါတယ် ။

(၁၁) စားတော်ပဲပြုတ်ထဲတွင် glycemic ဓာတ်ပါဝင်မှုနဲပါးပြီး၊ သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်ြ ခင်းကြောင့် ဆီးချိုရောဂါ သည်များအတွက် ပဲပြုတ်ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါသည်။

(၁၂) မက္ကစီကိုနိုင်ငံမှာ မကြာသေးခင်က လေ့လာစမ်းစစ်ချက်အရ၊ စားတော်ပဲထဲမှာ polyphenol ဓာတ်ပါရှိလို့ ၊ နေ့စဉ် စားတော်ပဲပြုတ် ၂-မီလီဂရမ်မျှ စားပေးရုံနဲ့ အဆာအိမ်ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။ 

(၁၃) မဂ္ဂနီစီယမ် သတ္တူဓာတ် ကြွယ်ဝစွာပါရှိလို့ သွေးတိုးရောဂါကိုမဖြစ်စေပါ။

(၁၄) ဖောလိပ်ဓာတ်အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်တွေ စားပေးခြင်းဖြင့် မွေး ဖွားလာတဲ့ ကလေးငယ် တွေမှာ မွေးရာပါ ဦးနှောက်နှင့်အာရုံကြောေ၀ ဒနာများ ဖြစ်နိုင်ချေ အလားအလာနဲပါးစေပါတယ် ။

(၁၅) အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။

သတိပြုရန်အနေနဲ့ကတော့

စားတော်ပဲထဲမှာ သဘာဝအလျောက်ပါရှိလို့ purines ဓာတ်က ဂေါက်ရောဂါ သမားများနဲ့ ကျောက်ကပ်ဝေဒနာသည် များကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်လို့ အထူးရှောင် ရှားသင့်ပါတယ် ။ 

အာဟာရဓာတ် ကြွယ်ဝသော ပဲပြုတ် ကို ဈေးဈေးပေါပေါ နဲ့ အလွယ်တကူရရှိနိုင်လို့ နိုင်ငံတိုင်းမှာ “a poor man’s meat (ဝါ) ဆင်းရဲချို့တဲ့သူတွေအတွက် အသားဟင်းလျာ” ဟု တင်စားခေါ်ေ၀ ါ်လေ့ရှိကြ ပါတယ် ။

ဆေးသိပ္ပံပညာရှင်များကတော့ “powerfood” လို့ခေါ်ကြပါတယ် ။ ဒါကြောင့် မိမိတို့ လက်တကမ်းတွင် အလွယ်တကူ ဈေးျနှုန်းချိုသာစွာ ရရှိနိုင်တဲ့ “စားတော်ပဲပြုတ်” လေးများကို နေ့စဉ် သုံးအစားအစာအဖြစ် စားသုံးသင့်ပါကြောင်း ပရိသတ်တွေကို မျှဝေပေးလိုက်ပါတယ်နော် ။

Source : WHO 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။