စိုင်းဆိုင်မောဝ်ကိုတော့ ချစ်ပရိသတ်ကြီးသိမှာပါ။အောင်မြင်နေတဲ့ အဆိုတော်ဖြစ်တဲ့စိုင်းဆိုင်မောဝ်ကတော့ ယခုမှာကွဲရှင်းတော့မယ်လို့ လူမှုကွန်ယက်ကနေ တရားဝင်ကြေညာလိုက်တာကြောင့်ပရိသတ်တွေအံအားသင့်ခဲ့ရပါတယ်။တရားဝင်ကွာရှင်းမှာဖြစ်ကြောင်းကို ဒီကနေ ဇူလှိုင် ၂ရက်နေ့မှာ စိုင်းဆိုင်မောဝ်ရဲ့ ဇနီး ခေးလားမိုးကကြေညာခဲ့တာပဲဖြစ်ပါတယ်။

စိုင်းဆိုင်မောဝ်ရဲ့ ဇနီး ခေးလားမိုးက" ကျမကလေးကျောင်းသွားပို့နေချိန်တွင်ကျမမသိပဲနေအိမ်မှထွက်သွားပါသည်။ ရှမ်းအမျိုးသမီးတစ်ယောက်အကူအညီဖြင့်လေယာဉ်လက်မှတ်ကိုကျမမသိပဲကြိုဖြတ်ထားပုံရပါသည်ကျမအတတ်နိုင်ဆုံးသူနေကောင်းကျမ်းမာလာအောင်ပြုလုပ်ပေးပြီးတိုင်း ပြန်ကောင်းလျှင်ထိုသို့အကြောင်းအမျိုးမျိုးပြကာထွက်သွားလေ့ရှိပြီးနေထိုင်မကောင်းပါမှသာကျမအားပြုစုစေပါသည် "လို့ ပြောထားပါတယ်။

သူမကတော့" ပြဿနာအမျိုးမျိုးတို့အား ငွေအားလူအားဖြင့်ကျမခေးလားမိုးမှအကြိမ်ကြိမ်ဖြေရှင်းတောင်းပန်ခဲ့ရပါသည် ကျမတို့သားအမိနေထိုင်သောယခုနေစရာအိမ်ကလေးတောင်ပေါင်နှံထားခြင်းဖြစ်ပါသည် ယခုနောက်တကြိမ်ထွက်သွားပါသဖြင့်ရောဂါဘယများနှင့်တဖန်ပြန်လာဦးမည်ကို လူသားခြင်းစာနာစွာဖြင့် ကျမခေးလားမိုးကိုကိုယ်ချင်းစာစေချင်ပါသည် တရားရုံးမှတရားဝင်ကွာရှင်းမည်ဖြစ်ပါကြောင်း "လို့ပြောထားပါတယ်။ 

SOURCE: စိုင်းဆိုင်မောဝ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။