သေခါနီးသူ့ခွေးလေးရဲ့ အကြိုက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ သခင်

Niels ဟာသူ့ခွေးလေးကို ခွေးပေါက်ကလေးဘဝကတည်းက စောင့်ရှောက်ရေး ဂေဟာက မွေးစားထားတာဖြစ်ပါတယ်။ ခွေးလေးက နှင်းထဲမှာဆော့ရတာကို ငယ်ငယ်လေးကတည်းက အရမ်းသဘောကျခဲ့ပါတတယ်။ ဒါပင်မဲ့လည်း သူတို့နေတဲ့နေရာမှာ နှင်းအဲ့လောက်မကျပါဘူး။ လွန်ခဲ့တဲ့အပတ်ကဘဲ ဆရာဝန်ကခွေးလေးမှာ ကင်ဆာရောဂါရှိတာကြောင့် မခံစားရအောင် အဆုံးသတ်ပေးရင် ပိုကောင်းမယ်လို့ ပြောခဲ့ပါတယ်။ ဆရာဝန်နဲ့ သက်သက်သာသာ အဆုံးသတ်ပေးဖို့ ရက်ချိန်းယူလိုက်ပြီး အဲ့မတိုင်ခင်တစ်ရက်မှာ နှင်းအတုတွေ မှုတ်ထုတ်ပေးတဲ့ စက်ကို မိတ်ဆွေတွေ အကူအညီနဲ့ ဌားခဲ့ပြီး ခွေးလေးရဲ့ အကြိုက်ဆုံးအရာကို လုပ်ပေးခဲ့ပါတယ်။

သခင်ကခြံထဲမှာ နှင်းတွေရဲ့ကြားထဲမှာ ခွေးလေးကိုအဖော်ပြုပြီး နေပေးခဲ့ပါတယ်။ တကယ့်နှင်းအစစ်တွေလိုတော့ မအေးပင်မဲ့ ခွေးလေးကပျော်နေပုံရတယ်လို့ ပြောပါတယ်။

ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်မှာဘဲ မိသားစုအရေးပေါ်ကိစ္စနဲ့ ဆရာဝန် ခရီးထွက်သွားတာကြောင့် ရက်ချိန်းကိုရွှေ့လိုက်ရတဲ့အတွက် ခွေးလေးက မသေဘဲရှိနေသေးပါတယ်။ ခုအချိမှာတော့ သူကနေကောင်းသွားပုံပေါ်ပြီး သက်သာလာပါတယ်။

ဒါပင်မဲ့လည်း ခွေးလေးအတွက် နောက်ဆုံးနေ့ရက်တွေ နီးကပ်နေတာကိုတော့ သူ့သခင်ကသိပြီး သူနဲ့ရှိတဲ့ အချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူရှိဖို့ဘဲ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။