မနေ့ကကစားခဲ့တဲ့ ဂျပန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ပွဲမှာတော့ အာရှဂုဏ်ဆောင်ဂျပန်က အနိုင်ရလဒ်ကိုမထိန်းနိုင်ဘဲ ၁၆သင်းအဆင့်ကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။ဂျပန်အသင်းအနေဖြင့်ပထမပိုင်မှာ သရေရလဒ်သာထွက်ပေါ်ခဲ့သော်လဲ ဒုတိယပိုင်းမှာ ဂျပန်အသင်းအနေဖြင့် ၁ဂိုးအထိသွင်းယူပြီး အနိုင်ရလဒ်အတွက်သေချာသလောက်ရှိနေတာကြောင့် အာရှပရိသတ်တွေပျော်ရွှင်ခဲ့ပါတယ်။ 

ပျော်ရွှင်မူတွေမပြီးဆုံးခင်မှာပဲ ဘယ်လ်ဂျီယံကဂိုးတွေဆက်တိုက်သွင်းယူပြီး အာရှသားတွေမျက်ရည်ကျစေခဲ့ပါတယ်။အာရှသားတွေအတွက်အသည်းခွဲဂိုးကိုတော့ မိနစ်၉၀မှာသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ဂျပန်ပရိသတ်တွေကတော့ နိုင်ငံကြီးသားပီသတဲ့စိတ်ဓာတ်ကိုပြတဲ့အနေနဲ့ ကွင်းထဲမှာရှိတဲ့ အမှိုက်တွေကိုသန့်ရှင်းရေးသဖွယ်ရှင်းပေးခဲ့ပါတယ်။ 

ဘောလုံးတစ်လောကလုံးကတော့ရှုံးပေမဲ့လဲ အရှုံးကိုလက်ခံနိုင်တဲ့ဂျပန်ပရိသတ်တွေရဲ့စိတ်ဓာတ်ကိုဥရောပ ဘောလုံးသမားတွေကတောင် ချီးကျူးနေကြပါတယ်။ကျွန်တော်တို့လဲ ဂျပန်ပရိသတ်တွေရဲ့စိတ်ဓာတ်လေးကို ဂုဏ်ပြုခီးမြင့်ပေးလိုက်ရအောင်လားခင်ဗျာ။ အခုတော့ ဘယ်လ်ဂျီယံဟာ ဂျပန်ကို နိုင်အပြီး မှာ ဘရာဇီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာလဲ ဖြစ်ပါတယ်။

SOURCE: GOOGLE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။