ချယ်လ်ဆီးအသင်းကတော့ မိုရာတာနဲ့ ဟီဂွာအင်ကို လဲဖို့စီစဉ်နေပါတယ်။မိုရာတာဟာချယ်လ်ဆီးမှာခြေစွမ်းမပြနိုင်ဖြစ်နေကာကြောင့်ရောင်းထုတ်ဖို့စီစဉ်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးဂိုးသမား ကော်တိုရစ်ကတော့ မက်ဒရစ်မှာသူရဲ့မိသားစုရှိတာကြောင့် မိသားစုနဲ့အတူနေချင်တယ်လို့ပြောထားပါတယ်။

အာဆင်နယ်အသင်းကတော့သူတို့၃ယောက်မြောက်ကစားသမားအဖြစ် ဒေါမွန်ကဆိုကရက်တစ်ကိုသူတို့ရဲ့ယိုယွင်းနေတဲ့နောက်တန်းအတွက်ခေါ်ယူလိုက်ပါတယ်။ 

ရီးရဲ ဘာစီတို့စိတ်ဝင်စားနေတဲ့လီဗာပူးတိုက်စစ်မှူးဆာလက်ဟာအသင်းနဲကစာချုပ်ချုပ်သွားခဲ့ပြီဖြစ်ပါတယ်။အေစီမီလန်ကစားသမား ဘိုနူချီကို မန်ယူအပြင် ပီအက်ဂျီကလဲ စိတ်ဝင်စားလာပြီဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ရိုးမားအသင်းတို့ဟာသူတို့ရဲ့ဂိုးသမားတွေအသင်းကနေထွက်တော့မှာဖြစ်တာကြောင့် ခရုအေးရှားနဲ့ပွဲမှာလက်စွမ်းပြတဲ့ လက်စတာအသင်းရဲ့ ဂိုးသမား ရှမိုက်ကယ်ကို စောင့်ကြည့်နေပါတယ်။

ဘယ်လ်ဂျီယံနဲ့ ကစားမယ့် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ဘရာဇီးအသင်းရဲ့ ကွင်းလယ်လူ ကက်စမဲရိုးဟာ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

ကိုလံဘီယာအသင်းရဲ့ကစားသမား ရိုဒရီဂွက်ဟာ အင်္ဂလန်နဲနဲ့ပွဲမှာပါဝင်ကစားပေးတော့မှာဖြစ်ပါတယ်။

အာဆင်နယ်တို့စိတ်ဝင်စားနေတဲ့ တော်ရီယာဟာအာဆင်နယ်အသင်းနဲ့ဆေးစစ်မှုခံယူသွားတော့မှာဖြစ်တယ်လို့ သူ့ရဲ့ဖခင်ဖြစ်သူကပြောသွားခဲ့ပါတယ်။

SOURCE: DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။