ဇူလိုင်လ၂ရက်နေ့ကကစားခဲ့တဲ့ ဘယ်လ်ဂျီယံ နဲ့ ဂျပန်အသင်းတို့ပွဲစဉ်မှာတော့ နာကျင်အချိန်ပိုမှာဂိုးတွေပေးခဲ့ရပြီး ဂျပန်အသင်းက၂ဂိုး ၃ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဂျပန် အသင်း နိုင်မယ်လို့ခန့်မှန်းခဲ့တဲ့ရေဘဝဲလေးဟာ အခုတော့ ဂျပန်အသင်းရှုံးသွားလို့ပိုင်ရှင်က သတ်ပြီး ဆာရှီမီလုပ်စားခဲ့ပါတယ်။အဆိုပါအသက်ခံရတဲ့ရေဘဝဲလေးဟာ အုပ်စုအတွင်းကဂျပန်အသင်းရဲ့ပွဲစဉ်တွေအားလုံးကိုတစ်ပွဲမှမလွဲအောင် ခန့်မှန်းပေးနိုင်ခဲ့ပါတယ်။

ရေဘဝဲလေးဟာ ဂျပန်အသင်းဟာ ကိုလံဘီယာကိုနိုင်မယ်လို့ခန့်မှန်းပေးခဲ့သလို ဆီနိဂေါကိုလဲသရေကျမယ်လို့ခန့်မှန်းပေးခဲ့ပါတယ်။ရေဘဝဲလေးရဲ့မှန်ကန်မှုကြောင့် ပိုင်ရှင်ကတော့ဘယ်လ်ဂျီယံနဲပွဲမှာရေဘဝဲလေးကိုယုံပြီးပုံအောခဲ့ပုံပါပဲ။အခုတော့ ဂျပန်ရှုံးခဲ့တာကြောင့်ရေဘဝဲလေးဟာဟင်းအိုးထဲရောက်သွားခဲ့ပါတယ်။

ရေဘဝဲလေးဟာ တစ်ပွဲလေးမှန်းတာ မှားခဲ့လို့အခုတော့အသက်ခံရပြီး ဟင်းအိုးထဲရောက်ခဲ့ပြီ ဖြစ်ပါတယ်။။ပိုင်ရှင်ကတော့ ရေဘဝဲလေးကိုချက်စားလိုက်တဲ့အတွက်နောင်တမရဘူးလို့ ပြောဆိုလိုက်ပါတယ်။ရေဘဝဲလေးဟာ ကိုလံဘီယာကိုနိုင်မယ်လို့ခန့်မှန်းပေးခဲ့တဲ့ ဗီဒီယိုလေးကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။

source: bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။