KIA အကြမ်းဖက်သောင်းကျန်းသူများရဲ့ ရှေ့တန်းစစ်စခန်းတွေမှာ တာဝန်ထမ်းဆောင် နေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့အသက်များကိုပဓါနမထားဘဲ တာဝန်ကျေအောင် ထမ်းဆောင်နေကြ သော်လည်း မိမိတို့ရဲ့ရည်မှန်းချက်၊ ဘဝအာမခံချက် မရှိတဲ့အပြင် နောက်မှာကျန်ခဲ့တဲ့ မိသားစုဝင် များရဲ့ ဘဝအာမခံချက်ကိုလည်း မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်ထောက်ပံ့ပေးခြင်းမရှိ ကြောင်း သိရပါတယ်။

လောဘစိတ်မွှန်နေတဲ့ KIA ခေါင်းဆောင်ပိုင်းလူတစ်စုအတွက်နဲ့ ငါတို့ရဲ့အသက်တွေကို အကျိးမဲ့ စတေးခံနေကြရတယ်။ယခုလို အကျိုးမရှိတဲ့အလုပ်တွေလုပ်ပြီး မိမိတို့ရဲ့အသက်တွေကို စတေးခံနေမယ့်အစား အိမ်ပြန်ပြီး မိမိတို့မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနှင့် တောင်ယာခုတ် ၊ လယ်လုပ်ပြီးတော့ပဲ နေချင်ပါတော့တယ်။

အိမ်မှာကျန်ခဲ့တဲ့ မိသားစု၊ဆွေမျိုးတွေအနေနဲ့လည်း မိမိတို့အတွက် နေ့စဉ်နဲ့အမျှ ပူပင်သောက ရောက်နေကြရပြီး ဘယ်နေ့အိမ်ပြန်လာမလဲဆိုတာကို စောင့်မျှော်နေကြရပါတယ်။ဘယ် သူဌေး၊ ဘယ် လောပန်းကမှလည်း ဒုက္ခရောက်နေတဲ့ KIA ငယ်သားများရဲ့ မိသားစုဝင်များကို လာရောက် ကူညီခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ်ပေးခြင်းမရှိခဲ့ဖူးပါဘူူး။ဒါကြောင့် တပ်ဖွဲ့အတွင်းမှာ ဆက်လက်ပြီး တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ဘဲ မိမိနေရပ်သို့ပြန်ကာ မိသားစုနှင့်ပဲ အတူတကွ နေထိုင်လိုကြောင်း အချင်းချင်းပြောဆိုနေပါတယ်။

ကချင်ပြည်နယ်အတွွင်းမှာရှိတဲ့ လူငယ်များနဲ့ ၄င်းတို့၏မိသားစုဝင်များရဲ့ပျော်ရွှင်မှုကို အချိုးချ ကြည့်မယ်ဆိုရင်တော့ မိမိတို့ဘဝနှင့် လွန်စွာမှကွာခြားလွန်းလှပါတယ်။KIA တပ်ဖွဲ့ဝင် မဟုတ်ဘဲ ကချင်လူမျိုး လူငယ်ပညာတတ်အနည်းစုကတော့ ပြင်ပ စီးပွားရေးလုပ်ငန်းတွေလုပ်ကာ တိုက်တွေဆောက်၊ ကားတွေစီး၊ ဟန်းဖုန်း ၃ လုံး ၄ လုံးကိုင်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝတွေကို တည်ဆောက်နေချိန်မှာ ငါတို့ KIA အောက်ခြေတပ်ဖွဲ့ဝင်တွေကတော့ ရည်မှန်းချက်ကို ရေရေရာရာမသိတဲ့ တိုက်ပွဲတွေကြားမှာ ဘယ်နေ့သေမလဲဆိုတာ စောင့်မျှော်နေကြရတယ်။

KIA တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိကိုယ်မိမိ ပြန်ကြည့်လိုက်ကြပါ။ လစာကောင်းကောင်း ရသလား၊ ရိက္ခာ၊ အဝတ်အထည် ကောင်းကောင်းရသလား၊ ကျန်ခဲ့တဲ့မိသားစုဝင်များရဲ့ လုံခြုံမှု၊ အာမခံချက်တွေ ရသလား၊ နောက်ဆုံး မိဘသေတာတောင်မှ ပြန်လာလို့ရသလားဆိုတာ စဉ်းစား ကြည့်စမ်းပါ။

ယခုလက်ရှိ အခြေအနေကိုကြည့်ပါ။ အသက်ပြည့်ပြီး စစ်မှုထမ်းရမယ့်လူတွေ ဘယ်မှာရောက်လာ လို့လဲ။ ဒါဆိုရင် KBC က အလှူခံထားတဲ့ ငါတို့ကိုထောက်ပံ့တဲ့ ငွေတွေကရော ဘယ်ရောက်ကုန်တာလဲ။ ငါတို့ဆီလည်း တစ်ခုမှရောက်မလာဘူး။ အဲ့ဒါတွေကြောင့် ဒီမှာမနေချင်တော့ဘူး၊ စစ်လည်း ဆက်မတိုက်ချင်တော့ဘူး။ငါ အိမ်မှာဘဲပြန်လာပြီး သူများတွေလို အေးအေးချမ်းချမ်းနဲ့ စီးပွားရေးပဲ လုပ်ကိုင်စားသောက်ချင်တော့တယ်” လို့ ပြောဆိုနေတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦး၏ရင်ဖွင့်ခံစားချက်ကို ဖော်ပြလိုက်ပါတယ်။

kachin land

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။