ရန်ကုန်မှာ ခေတ်မီသန့်ရှင်းရေးယာဉ်များ စတင်အသုံးပြုမည်

သတင်းကောင်းလေးပါ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြလမ်းများ သန့်ရှင်းရေးဆောင်ရွက်ရာတွင် အချိန်ကုန်၊ လူကုန်သက်သာစေသည့် သန့်ရှင်း ရေးယာဉ်များ စတင်အသုံးပြုသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

အဆိုပါဌာနမှ ဌာနမှူး ဦးချိုထွန်းအောင် နှင့် စည်ပင်ဝန်ထမ်းများသည် ယနေ့နံနက် ပိုင်းက မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်သော ခေတ်မီသန့်ရှင်းရေး ယာဉ်များ သရုပ်ပြမောင်းနှင်အသုံးပြုပုံများ ကို လာရောက်ကြည့်ရှုသည်။ ''ဒီသန့်ရှင်းရေး ယာဉ်တွေက လမ်းတွေပေါ်မှာ တံမြက်စည်း

လှည်းခြင်း၊ မြက်ခင်းများအတွင်း မြက်ရိတ်ခြင်း၊ ရေဖျန်းခြင်းတို့အပြင် နှင်းထူထပ်စွာကျဆင်းတဲ့ ဒေသတွေမှာ နှင်းခွဲခြင်းစတဲ့ အလုပ်တွေကိုလုပ်ပေးနိုင် မှာဖြစ်ပါတယ်။ ယာဉ်မောင်းတစ်ဦး တည်းက သန့်ရှင်းရေးအလုပ်တွေကို လုပ်နိုင်မှာဖြစ်တဲ့အတွက် လူအင်အား သုံးပြီး လုပ်ရတဲ့အလုပ်တွေကို အချိန် တိုအတွင်းမှာ ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ ခေတ်မီသန့်ရှင်း ရေးယာဉ်များတင်သွင်းမှု တင်ဒါ အောင်မြင်ခဲ့သော

အောင်ကမ္ဘာကုမ္ပဏီမှ စျေးကွက်မန်နေဂျာ ဦးထိန်လင်းက ရှင်းပြ သည်။

အဆိုပါ ခေတ်မီသန့်ရှင်းရေးယာဉ် များကို ဂျာမနီနိုင်ငံHAKO Group က တင်သွင်းလာခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် တစ်စီးငွေကျပ်သိန်း ၁ဝဝဝ တန်ဖိုးရှိကြောင်း၊ လောလော ဆယ် တစ်ခရိုင်တစ်စီးနှုန်းဖြင့် လေးစီး တင်သွင်းလာကြောင်း၊ ယာဉ်တစ်စီး ရှစ်နာရီလျှင် အကျယ်အဝန်း ၁၄၄ဝဝဝ စတုရန်းမီတာကို သန့်ရှင်းရေးပြုလုပ်နိုင် ကြောင်း၊ တစ်ခရိုင်လျှင် လေးစီးနှုန်း အသုံးပြုပါက ခရိုင်တစ်ခုလုံး လူအင်အား သုံးစရာမလိုတော့ဘဲ သန့်ရှင်းရေးပြုလုပ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်တစ်စီး၏ လုပ်ကိုင်နိုင်စွမ်း သည် လူ ၂ဝဝ အသုံးပြုမှု နှင့် ညီမျှကြောင်း၊ သန့်ရှင်းရေးယာဉ်များ သည် လမ်းပေါ်ရှိ အမှိုက်သရိုက်အမျိုးမျိုး၊ ပုလင်းနှင့်ဘူးအမျိုးမျိုး၊ ခဲလုံးများ၊ လမ်းများပေါ်တင်ကျန်နေသော ရေများ ကို စုပ်ယူသိမ်းဆည်းပေးသွားနိုင် မည် ဖြစ်ကြောင်း၊ ယာဉ်လေးစီး၏စွမ်းဆောင်မှု သည် သန့်ရှင်းရေး၊ အမှိုက်လှည်းဝန်ထမ်း တစ်ထောင်ခန့်နှင့် ညီမျှကြောင်း သိရ သည်။

ယင်းကဲ့သို့ သန့်ရှင်းရေးယာဉ်များကို နိုင်ငံပေါင်း ၁ဝဝ ၌ အသုံးပြုလျက် ရှိကြောင်း၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်တို့ပြီးလျှင် မြန်မာနိုင်ငံ သည်လည်း စတင်အသုံးပြုလာနိုင် သည့် နိုင်ငံဖြစ်ကြောင်း၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် သုံးစွဲမှု အများဆုံး နိုင်ငံ များဖြစ်ကြောင်း၊ ယခု တင်သွင်းသည့် အမျိုးအစားမှာ City Master 1250 ဖြစ်ပြီး ဆီစားသက်သာ သည့် ဒီဇယ်အင်ဂျင်အမျိုးအစားဖြစ် ကြောင်း၊ အီးယူ၏ စံသတ်မှတ်ချက်နှင့် အညီ အသံဆူညံမှုနှင့် မီးခိုးထွက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။ ထိုယာဉ်များကို ဟိုတယ်နှင့် ဂေါက်ကွင်း များ၊ အပန်းဖြေစခန်း၌လည်း အသုံးပြု နိုင်ကြောင်း သိရသည်။

သန့်ရှင်းရေးယာဉ်များက စုပ်ယူ သိမ်းဆည်းလိုက်သော အမှိုက်များကို အမှိုက်ကားများပေါ်သို့ တင်ပို့ပေးနိုင် သော ဟိုက်ဒရောလစ်စနစ်လည်း ပါရှိ ကြောင်း၊ ထိုယာဉ်များသည် လမ်းများ ပေါ်ရှိ ကွမ်းတံတွေးများကိုပင် သန့်ရှင်းပေးနိုင်စွမ်းရှိကြောင်း သိရသည်။

MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။