၁၄နှစ်အရွယ် နဝမတန်းကျောင်းသူကို နှစ်ရက်ကြာပေါင်းသင်းပြီး ထားခဲ့တဲ့ ၁၈ နှစ်သားကို ထောင် ၂၂ နှစ်ချ

မိဘတွေအတွက် သတိထားစရာပါ။ အသက်ငယ်ငယ်ရွယ်ရွယ် မဆုံးဖြတ်နိုင်သေးတဲ့ အရွယ်ဖြစ်တဲ့အတွက် ၂ဖက်လုံး အနာဂတ်ထိခိုက်ခဲ့ရပါတယ်။

အွန်လိုင်းတွင် ချစ်ကြိုက်ခဲ့သည့် နဝမတန်းကျောင်းသူကို နှစ်ရက်ကြာ

ပေါင်းသင်းပြီးနောက် အင်းယားကန်ပေါင်တွင် စွန့်ပစ်ခဲ့သည့်

လူငယ်အား ပုဒ်မနှစ်ခုဖြင့် ထောင် ၂၂ နှစ်ချမှတ်ခဲ့ကြောင်းသတင်းရရှိသည်။

အသက် ၁၈ နှစ်အရွယ် ဟိန်းဝေစိုး(ခ)ဖိုးသောကြာကို စွဲချက်တင်ခဲ့သည့်

လူခိုးမှု ပုဒ်မ ၃၆၃၊ အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆ တို့ဖြင့် ဇန်နဝါရီ ၂၆ ရက်တွင်

အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို အနောက်ပိုင်းတရားရုံးရှိ တွဲဖက်ခရိုင်တရားသူကြီး ၄ က တာဝန်ယူစစ်ဆေးခဲ့ပြီး တရားလိုုပြသက်သေ၊ တရားခံပြသက်သေများကိုစစ်ဆေးကာ ပုဒ်မ ၃၆၃ အတွက်အလုပ်နှင့်

ထောင်ဒဏ် ၂ နှစ်၊ အဓမ္မပြုကျင့် မှုပုဒ်မ ၃၇၆ အတွက် အလုပ်နှင့်ထောင်ဒဏ်

အနှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက အမှုဖြစ်ပွားခဲ့ဖြင်းဖြစ်သည်။ ရွှေပြည်သာမြို့ နယ်အတွင်း

နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူနှင့် ယင်းတရားခံ

တို့သည် အွန်လိုင်းတွင်ချစ်ကြိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်တမ်းများအရ

သိရသည်။ အဆိုပါ နဝမတန်းကျောင်းသူသည် ဇွန်လ၁၉ ရက် နေ့လယ်က ကျူရှင်သွားမည်ဟုဆိုကာ နေအိမ်မှ ပိုက်ဆံကျပ်သုံးသောင်းခွဲယူ၍ ထွက်သွား ပြီး ပြန်လည်မရောက်လာသဖြင့် မိခင်က လူပျောက်တိုင်ကာ ရှာဖွေခဲ့ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထိုနေ့က

ရုပ်ရှင်သွားကြည့်ခဲ့ပြီး ညတွင် သမိုင်းလမ်းဆုံအနီးရှိ ရွှင်ပြုံးသူဇာတည်းခိုခန်း၌ တည်းခိုခဲ့ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ သိရသည်။

နောက်နှစ်ရက်အကြာ ဇွန်လ ၂၁ ရက်နေ့ရောက်မှ အဆိုပါအမျိုးသမီးငယ်က မိခင်ကိုဖုန်းဆက်အကြောင်းကြားပြီးအင်းလျားကန်ပေါင်တွင် လာခေါ်ပေးရန်

ပြောမှ သွားခေါ်ခဲ့ရခြင်းဖြစ်သည်။ သမီးကိုတွေ့မှ မေးကြည့်သည့်အခါ

အွန်လိုင်းမှာ ချစ်ကြိုက်ခဲ့တဲ့ အမျိုးသားက နှစ်ရက်ကြာ ခိုးယူပေါင်းသင်းခဲ့ပြီး

ကန်ပေါင်တွင် လာထားသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု 7Days တွင် ဖော်ပြခဲ့သည်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။