ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ်မင်းသမီးချောလေး မိုးစက်ဝိုင်ဆို ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ ဂျပန်မလေးလားထင်မှားရလောက်အောင် ချစ်စရာကောင်းသူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေ အသဲစွဲနေရသူလေးလည်းဖြစ်ပါတယ်။သူမဟာဖက်ရှင်လန်းလန်းတွေ ဝတ်ဆင်ကာ အမြဲကျော့ရှင်းလှပတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်းအချင်းတွေနဲ့ ပြည့်စုံလှပနေသူလေးဖြစ်တာကြောင့် မိန်းကလေးပရိတ်သတ်အများစု အားကျချစ်ခင်နေရသူလည်းဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ ပြည်ပခရီးရောက်ရှိနေတာဖြစ်ပြီး တရုတ်ပြည်နယ် ရှန်ဟိုင်းမြို့ကိုရောက်နေတယ်လို့ သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားပါတယ်။ရှန်ဟိုင်းမြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အလှတရားနဲ့အပြိုင် တရုတ်မလေးလို့ကတောင်ထင်မှားရလောက်အောင် မိုးစက်ဝိုင်ကတော့ လှရက်နိုင်လွန်းနေတာဖြစ်ပါတယ်။သူမဟာ ရှန်ဟိုင်းရိုးရာ ဝတ်စုံလေးကို ဝတ်ဆင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

သူမရဲ့ ရှန်ဟိုင်းမြို့ကြီးမှာ လန်းနေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးရတာမို့ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။အနုပညာအလုပ်တွေနည်းပါးနေပေမဲ့လည်း သူမလတ်တလောလူပ်ရှားမှုများကို သူမရဲ့ဖေ့ဘွတ် စာမျက်နှာပေါ်တွင်ပရိတ်သတ်များတွက် ဖော်ပြပေးလေ့ရှိကြောင်းတွေ့ရပါတယ်။

Source:Moeset Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။