ပရိတ်သတ်ကြီးရေ မုန်လာဥနီကိုတော့ ပရိတ်သတ်ကြီး အတော်များ ရင်းနှီးပြီးသားဖြစ်မှာပါ။လူအများစုကတော့ မုန်လာဥနီကို ဟင်းလျာများ အနေဖြင့် ရံဖန်ရံခါမျှသာ ချက်ပြုတ်ကြော်စား စားသောက်ကြတာ မျိုးတွေ့ရပါတယ်။တကယ်တမ်း မုန်လာဥနီကို ဒီတိုင်းဖြစ်စေ ဖျော်ရည်ဖြစ်စေ နေ့စဉ်စားသောက်ကြသူ နည်းပါးကြောင်းတွေ့ရပါတယ်။ဒါကြောင့် မုန်လာဥနီဖျော်ရည်ကို တစ်နေ့တစ်ကြိမ်ခန့် သောက်သုံးရုံဖြင့် ရနိုင်မဲ့ ကျန်းမာရေးတွက် ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

မုန်လာဥဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေး ကောင်ကျိုးတွေကတော့ နေလောင်ဒဏ် ပျောက်ကင်းစေပြီးအသားအရည်ကို ကြည်လင်လှပစေခြင်း ,ကင်ဆာရောဂါ ကာကွယ်ပေးခြင်း, သွေးတိုးရောဂါ ကာကွယ်ပေးခြင်း, မျက်စိအမြင်အာရုံ ကြည်လင်ကောင်းမွန်စေခြင်း, အရွယ်တင်နုပျိုစေခြင်း နဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းပါးစေခြင်းတို့ဖြစ်ပါတယ်။ကိုယ်ခံအားကောင်းစေပြီး အရိုးဆစ်များကိုသန်မာစေတယ်လို့လည်းသိရပါတယ်။

ကျန်းမာရေးအတွက် သဘာဝအစားစာတွေ စားဖို့ လူကြီးမိဘများပြောရာတွင်လည်း မုန်လာဥမပါမဖြစ်ပဲ ဖြစ်ပါတယ်။မုန်လာဥဖျော်ရည် နေ့စဉ်သောက်သုံးခြင်းကြောင့် ရနိုင်တဲ့ကျန်းမာရေးကောင်းကျိုးအချို့ကို ချစ်ပရိတ်သတ်များ သိရှိနိုင်စေရန်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။

Source:From Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။