ချစ်ပရိတ်သတ်ကြီးရေ နူတ်ခမ်းမလေးတွေအသဲစွဲ body အမိုက်စားလေးကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ် မင်းသားချောလေး ထူးအောင်ကို ပရိတ်သတ်ကြီးသိကြမယ် ထင်ပါတယ်နော်။သူရဲ့ ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာအမိုက်စားလေးကြောင့် မိန်းကလေးပရိတ်သတ် အများစုအားပေးချစ်ခင်မှုကို ရရှိထားသူလေးဖြစ်ပါတယ်။

သူဟာ မော်ဒယ်လောကနေ အနုပညာထဲ ဝင်ရောက်လာကာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနေပြီဖြစ်ပါတယ်။"စစ်ကိုမုန်းလို့တိုက်ခဲ့သည်" ရုပ်ရှင်ဇာတ်လမ်းဟာ သူရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။လတ်တလောမှာလည်း Maldives ကမ်းခြေရောက်နေတဲ့ သူရဲ့အမှတ်တရပုံလေးတွေကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြထားကြောင်းတွေ့ရပါတယ်။

Maldives ကမ်းခြေကြီးနဲ့အပြိုင် အဖြူရောင်အင်္ကျီလေးနဲ့ ခံညားနေတဲ့သူရဲ့ယောကျာ်း ပီသတဲ့ပုံရိပ်လေးတွေက မိန်းကလေးတွေရဲ့ အချစ်ကိုပိုစေမှာအမှန်ပဲဖြစ်ပါတယ်။သူရဲ့အရပ်မြင့်မြင့်နဲ့ယောကျာ်း ပီသစွာခန့်ညားနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးပါ ကြည့်ရူ့ရအောင် မျှဝေပေးလိုက်ပါတယ်။

Source:Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။