ကွင်​းလယ်​လူချိန်​ဘာလိန်​ဟာ လူမှုကွန်​ယက်​ဝက်​ဘ်​ဆိုဒ်​တစ်​ခုဖြစ်​တဲ့ Twitter ​ပေါ်မှာ ပရိသတ်​တစ်​ဦးတင်​ထားတဲ့ "ဝင်​းဂါးထွက်​ချိန်​တန်​ပြီ"ဆိုတဲ့ Post တစ်​ခုကို Like ​ပေးမိသလို ဖြစ်​ခဲ့ခြင်​းအတွက်​ ပြန်​လည်​​တောင်​းပန်​ခဲ့ပါတယ်​။

​ချယ်​လ်​ဆီးကို (၃-၁)ဂိုးနဲ့ ရှုံးနိမ်​့ပြီး​နောက်​မှာ ​​ပေါက်​ကွဲ​နေကြတဲ့ အာဆင်​နယ်​ပရိသတ်​​တွေဟာ လူမှုကွန်​ယက်​ဝက်​ဘ်​ဆိုဒ်​​တွေမှာ နည်​းပြကြီးအာစင်​းနဲ့ တာဝန်​ရှိသူ​တွေကို အပြင်​းအထန်​​ ဝေဖန်​​နေကြတာ ဖြစ်​ပါတယ်​။

ဒါ​ကြောင်​့ ချိန်​ဘာလိန်​ရဲ့ Twitter စာမျက်​နှာမှာပါ အခုလို​တွေ့ရတာဟာ အသင်​းအ​နေနဲ့ ​ဒေါသထွက်​စရာ ဖြစ်​လာနိုင်​တာ​ကြောင်​့ ချိန်​ဘာလိန်​က အလျင်​အမြန်​ပဲ ​ဖြေရှင်​းချက်​​ပေးပြီး ပြန်​လည်​​တောင်​းပန်​ခဲ့တာပါ။

ချိန်​ဘာလိန်​က အဲဒီပို့စ်​ကို သူ Like ​ပေးခဲ့ဖို့ မရည်​ရွယ်​ခဲ့​ကြောင်​း မ​တော်​တဆ အမှားတစ်​ခုသာဖြစ်​​ကြောင်​း Twitter မှတဆင်​့ ​ပြောကြားခဲ့ပါတယ်​။

Ref: Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။