သြဇာပင်က မြန်မာနိုင်ငံရဲ့ ဒေသ အနှံ့အပြားမှာ ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများမှာ အလေ့ကျ ပေါက်လေ့ ရှိပါတယ်။ အခုလို အချိန်မှာ သြဇာသီး ပေါ်တဲ့ အချိန်ဖြစ်ပြီး သြဇာသီးကို ဝယ်ကူရတာ လွယ်ကူနေပြီပဲ ဖြစ်ပါတယ်။ သြဇာသီးမှာ ဗီတာမင်အေ၊ B1 ၊ B2 ၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ပရိုတင်းဓာတ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ နှင့် အမျှင်ဓာတ် တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် သြဇာသီးကို စားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။

သြဇာသီးက အစာမကြေခြင်းနှင့် ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေပါတယ်။

သြဇာသီးက ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။

သြဇာသီးက ကြွက်သား အားနည်းမှုကိုလည်း သက်သာစေတဲ့အတွက် ပင်ပန်းနွယ်နယ်မှုကိုလည်း ကင်းဝေးစေပါတယ်။ အဆစ်အမြစ်ရောင်ခြင်းကိုလည်း လျော့ကျစေပါတယ်။

လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်တယ်။

သြဇာသီးမှာပါဝင်တဲ့ ဗီတာမင်အေက ဆံကေသာကိုလည်း သန်စွမ်းစေပြီး အသားအရည် ချောမွေ့စေဖို့ကိုလည်း အထောက်အကူ ဖြစ်ပါတယ်။

မြန်မာ့ဆေးမြီတိုနည်းဖြင့်ဆိုလျှင် -

သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေနိုင်ပါတယ်။

အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေပါတယ်။

သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပါတယ်။

သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ပါတယ်။

သြဇာသီးက အမျိုးသမီးတွေအတွက် ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာကို ကုသရာမှာလည်း များစွာ ထိရောက်မှု ရှိပါတယ်။ ဒါ့အပြင် အခြားကင်ဆာ အမျိုးအစားတွေကို ကုသရာမှာလည်း သြဇာသီးက အထောက်အပံ့ ဖြစ်စေပါတယ်။

သတင်းကိုးကား - ဆေးဖက်ဝင်အပင်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။