ချစ်ပရိတ်သတ်ကြီးရေ ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အာရုံကိုအမြဲဖမ်းစားညို့ယူခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေး ယုသန္တာတင်ကိုတော့ ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်လာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယို ဇာတ်ကားများ ရုပ်ရှင်ဇာတ်ကားများ ရိုက်ရသည်ထိ အောင်မြင်မှုရရှိကာ ပရိသတ်အားပေးမှုတွေ များစွာရရှိလာသူ တစ်ယောက်လည်းဖြစ်ပါတယ်။သူမဟာ အမြဲတမ်းချစ်စရာဟန်ပန်လေးနဲ့ စမတ်ကျကျ လှနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယုဟာ အနုပညာအလုပ်တွေ အရင်ထက်နည်းပါနေပေမဲ့လည်း နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကိုတော့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း မြန်မာဝတ်စုံလေးနဲ့ နန်းဆန်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။နန်းဆန်ဆန် မြန်မာဝတ်စုံလေးနဲ့ အလွန်လိုက်ဖက်ကာ ကျက်သရေရှိနေတဲ့ ယုရဲ့ပုံရိပ်လေးတွေကလည်း တစ်မျိုးလေးဆွဲဆောင်မှုရှိနေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ လှပတဲ့ ဝတ်စုံလေးနဲ့အတူ ကျော့ရှင်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အမြဲဖက်ရှင်ကျနေတဲ့ သူမကတော့ ဘယ်ဝတ်စုံဒီဇိုင်းနဲ့မဆို လိုက်ဖက်ကာ ကျော့ရှင်းနေတာကလည်း သူမရဲ့ အလှတရားလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ယုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။

Source:Yu Thandar Tin

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။