ချယ်ဆီးအသင်းခေါင်းဆောင်တယ်ရီဟာ အနာဂါတ်မှာ လမ်းပတ်နှင့်အတူ လက်တွဲပြီး ချယ်ဆီးကို နည်းပြချင်တာက သူတို့ရဲ့ အိပ်မက်ပါလို့ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကစားသမားဘဝကနေအနားယူခံပြီး နည်းပြသင်တန်းတက်ရောက်တော့မယ့် လမ်းပတ် လို အနားယူဖို့နီးစပ်လာတဲ့ တယ်ရီ(၃၆နှစ်)ဟာ ဒီရာသီ ချယ်ဆီးအသင်းမှာ ပါဝင်ခွင့်သိပ်မရဘဲ အရံခုံမှာသာ ရှိနေခဲ့ပါတယ်။

တယ်ရီက "သူနဲ့အဲ့အကြောင်းပြောပြီးရီဖြစ်ပါတယ်။ဒါဟာလွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ ကျနော်တို့နှစ်ယောက်လုံးသိပါတယ်။အရေးကြီးတာက အတွေ့အကြုံတွေ ရဖို့ လူငယ်အသင်း အရံအသင်း ချယ်ဆီး ဒါမှမဟုတ် တစ်ခြားအသင်းတစ်သင်းကို ကိုင်တွယ်ရမှာပါ။ကျနော်တို့ နောင် ၁၀နှစ် ၁၅နှစ်ကြာလို့ ပြန်လာခဲ့ရင်ချယ်ဆီးမှာ နည်းပြခွင့်ရမယ်ဆိုရင် အင်မတန်မယုံကြည်နိုင်စရာကောင်းပါလိမ့်မယ်။"

" ကျတော်နောက်ထပ်နှစ်အနည်းငယ်ကစားဖို့စိန်အားထက်သန်နေပါတယ်။တစ်ပတ်ပြီးတစ်ပတ်ကစားချင်နေပါတယ်။ဒါပေမယ့် လူကမကစားနိုင်တော့ပါဘူး ဒါဟာ လူတိုင်း ကမ႓ာ့အကောင်းဆုကစားသမားတွေတိုင်းလည်းတစ်ချိန်မှာတွေ့ကြုံရမှာဖြစ်ပါတယ်။"

လို့အနာဂါတ်မှာ လမ်းပတ်နှင့်အတူချယ်ဆီးကို နည်းပြချင်ကြောင်းဖွင့်ဟခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။