(၅)ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့သော လက်စတာစီးတီး အသင်းဟာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဖြစ်သော်လည်း ရလာဒ်များဆိုးဝါးနေခြင်းကြောင့် တန်းဆင်းဇုံအထက်တွင် ရပ်တည်နေပါတယ်။ ရလာဒ်များ ဆိုးဝါးနေခြင်းကြောင့် နည်းပြ ရာနီရေးရီကို ထုတ်ပယ်တော့မည်ဟု သတင်းများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါတယ်။

သို့သော်လည်း လက်စတာစီးတီးအသင်းမှ တာဝန်ရှိသူများက ရာနီရေးရီ၏ အနာဂတ်နှင့် ပတ်သက်ပြီး "မီဒီယာတွေက ဖော်ပြနေတဲ့ နည်းပြ ရာနီရေးရီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်၊ လက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မျှော်မှန်းမထားလောက်တဲ့ အောင်မြင်မှုများကို ရရှိခဲ့တယ်၊ လတ်တလောမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်၊ ဒါပေမယ့်လည်း လက်စတာစီးတီး အသင်းက နည်းပြကြီးရဲ့ နောက်မှာ အပြည့်အဝ ရပ်တည်သွားမှာပါ၊ အခက်အခဲတွေကို အတူဖြေရှင်းသွားကြမှာပါ" ဟု ထုတ်ပြန်သွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။