ပြင်​သစ်​နှင်​့ အာဆင်​နယ်​ ဂန္တဝင်​တိုက်​စစ်​မူး​ဟောင်​း ဟင်​နရီမှ နည်​းပြဝင်​းဂါးအနေနဲ့ ထွက်​ခွာဖို့လိုမယ်​မထင်​​ကြောင်​း ထုတ်​​ဖော်​​ပြောကြားလိုက်​ပါတယ်​။ လက်​ရှိအာဆင်​နယ်​အသင်​းရဲ့ ပြသနာဟာ စိတ်​ဓာတ်​ပိုင်​းဖြစ်​ပြီး အသင်​း​အောင်​မြင်​ဖို့အတွက် နည်းပြနုတ်ထွက်သင့်သလားဆိုတဲ့အပေါ် ဟင်နရီက ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

"စာရွက်​​ပေါ်က လူစာရင်​းမှာ​ အာဆင်​နယ်​အသင်​းက ချန်​ပီယံဆုကို စိန်​​ခေါ်နိုင်​တဲ့ အ​နေအထားပါ။ ချယ်​ဆီးအသင်​းတောင်မှ ထိပ်​​ရောက်​​နေနိုင်​ရင်​ အာဆင်​နယ်​လည်​း ​ရောက်​နိုင်​တာပါပဲ။ ဒါ​ပေမယ်​့ လက်​ရှိဖြစ်နေတဲ့ ပြသနာက အသင်​းကို ကူညီနိုင်​တဲ့ နည်​းဗျူဟာနဲ့ စိတ်​ဓာတ်​ပိုင်​း ပြသနာလို့ ထင်​ပါတယ်​။ ဝင်​းဂါးအ​နေနဲ့ ထွက်​စရာမလိုပါဘူး။ သူ့ရဲ့ နည်​းစနစ်​​တွေ ​ပြောင်​းလဲမလားဆိုတာလည်​း ကျွန်​​တော်​မသိ​သေးဘူး။ ချယ်​ဆီးနဲ့ပွဲမှာ အသင်​းရဲ့ စိတ်​ဓာတ်​ပိုင်​းပြသနာ​တွေ ​တွေ ့ခဲ့ရပါတယ်​။ ဒီလိုအသင်​းမျိုးကို နည်​းပြရတာလည်​း ခက်​ခဲတယ်​။ အသင်​းတစ်​သင်​းရဲ့ ကွာလတီထက်​ စိတ်​ဓာတ်​ပိုင်​းက ပိုအ​ရေးပါပါတယ်။​'' လို့ အာဆင်နယ်ရဲ့ ဂန္တဝင်ကစားသမားဟောင်း ဟင်​နရီက ပြောဆိုထားပါတယ်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။