မြန်မာ့လက်ရွေးစင် အသင်းနှင့် ပရိသတ်တွေ ပြန်လည်ဆုံတွေ့ကြမည့် ပွဲစဉ်များ မကြာခင် ရောက်ရှိလာတော့မည်ဖြစ်ပါတယ်။ အာရှ ဖလား ခြေစစ်ပွဲ၊ အာရှ ယူ၂၃ ခြေစစ်ပွဲ၊ KBZ Bank U22 invitational Cup လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲ၊ နိုင်ငံတကာခြေစမ်းပွဲများမှသည် ဆီးဂိမ်းစ် ၂၀၁၇ ပြိုင်ပွဲအထိ ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲစဉ်များက အသင့်စောင့်ကြိုလျက်ရှိပါတယ်။ လာမဲ့မတ်လ ၂၈ရက်နေ့ကစလို့ မြန်မာဘောလုံးပရိသတ်များအနေနဲ့ ရင်ခုန်စရာတွေ စတင်တော့မှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လာမဲ့ မတ်လ ၂ ရက်နေ့ ရန်ကုန် သုဝဏ္ဏကစားကွင်းကြီးမှာ မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပွဲဟာ AFC Asian Cup 2019 ခြေစစ်ပွဲဖြစ်လို့ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှု့အားပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။