၂၀၁၉မှာ လက်ထပ်တော့မယ့်နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့ ငယ်ရည်းစားနဲ့ ၂၀၁၉မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။ယခုလက်ရှိကောင်မလေးနဲ့ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာပါလို့သိရပါတယ်။

"သူက ကျွန်တော့ရဲ့ငယ်ချစ်ပါ။သူ့အသက် ၁၆နှစ်ကတည်းကကျွန်တော့ရဲ့ငယ်ချစ်ပေါ့ဗျာ။ဘာကိုအကျေနပ်ဆုံးလဲသိလား။ ကျွန်တော့ချစ်သူအတွက်တော့ ကျွန်တော်က အချစ်ဦးဖြစ်ခွင့်ရလို့ပဲ။ အဲဒါထက်ပိုကျေနပ်တာက ရနှစ်ခွဲအတွင်း ကျွန်တော်ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ပွေးပွေး ဘယ်တော့မှနောက်တစ်ယောက်မရှာခဲ့တာကိုပဲ။ ကျွန်တော့ကို "နိုင်းဝမ်း" လို့ဘယ်သူဘယ်ဝါမှမသိခင်အချိန်ကတည်းက ကျွန်တော့ဘေးမှာ အေးအတူပူအမျှနေပေးခဲ့တာ ဂီတအသိုင်းအဝိုင်းထဲက သိတဲ့သူတွေသိကြပြီးသားပါ။ကျွန်တော့အနားမှာ ရနှစ်ကျော်သည်အထိ အရာရာခွင့်လွတ်သည်းခံပြီး ချစ်ပေးခဲ့လို့ သူ့ကို အရမ်းကျေးဇူးတင်တယ်။၂၀၁၄ခုနှစ်ပတ်ဝန်းကျင်မှာ ကျွန်တော်မိုက်ရူးရဲဆန်ပြီး လုပ်မိခဲ့သမျှတွေကို ခွင့်လွတ်ပေးလို့ ပိုပြီး ကျေးဇူးတင်ပါတယ်။ မှားခဲ့ဖူးသမျှအားလုံးအတွက် တကယ်ကိုတောင်းပန်ပါတယ်။ဘယ်တော့မှ အမှားမလုပ်တော့ ဘူးလို့ဆုံးဖြတ် ထားတယ်။ချစ်တယ်။" လို့ နိုင်းဝမ်းရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။