ချဲလ်ဆီးအသင်းဟာ အခုဆိုရင်ပရီးမီးယားလိဒ်မှာ ဒုတိယနေရာကစပါးကို (9)မှတ်ထိဖြတ်ပြီး တစ်ကောင်တည်းပြေးတဲ့ပြိုင်မြင်းအဖြစ် ပန်းဝင်နိုင်ဖို့ကြိုးစားနေပါတော့တယ်။ အရံအင်အားတောင့်တင်းခြင်း စူပါဆပ်ကစားသမားများရှိခြင်း ပွဲထွက်ကစားသမားများ အကောင်းဆုံးခြေ ရရှိနေခြင်း နဲ့ ကွန်တီရဲ့ ပွဲတစ်ပွဲအပေါ် ချဉ်းကပ်တဲ့ဗျူဟာကျမှုတွေက ချဲလ်ဆီးကိုချန်ပီယံအဖြစ် မြင်ရဖို့ရှိလာနေပါတယ်။

ဒါပေမယ့် ကွန်တီက သူရောက်ကာစက ကစားသမားတွေဟာ သူ့နည်းစနစ်တွေအပေါ် လျစ်လျူရှုမှုတွေ ရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့အခုလို Right way တစ်ခုပေါ်ရောက်မသွားခင်က တော်တော်ကိုခတ်ခဲမှုတွေရှိခဲ့တယ်။ အသင်းသားတွေကလည်း ကျွန်တော့်ကို အသိအမှတ်မပြုတဲ့အပိုင်းတွေရှိခဲ့ဖူးတယ်။ ဥပမာ ပွဲတစ်ပွဲကို Review ပြန်ကြည့်ပြီး အဖြေရှာပြတဲ့အချိန်တွေကိုသူတို့က မလိုအပ်ဘူးထင်နေကြတယ််”

“အဲ့လိုပြန်ကြည့်ပြီး Analysis လုပ်ပြတာဟာ ဘယ်သူ့အမှား၊ ဘယ်ဝါ့အမှားဆိုပြီး အပစ်ရှာဖို့မှမဟုတ်တာ။ဒီဂိုးဟာ ပေးဖို့ထိုက်တန်ရဲ့လား မတန်ဘူးလားဆိုတာမျိုး ဘယ်လိုကာကွယ်မလဲဆိုတာမျိုးကို ပြန်ပြီးစီစစ်ပြတဲ့အခါမှာလိုအပ်ပါတယ်။ တိုးတက်ဖို့အတွက်ပါ၊ ဒါပေမယ့် အချို့ကစားသမားတွေက မလိုအပ်ဘူးလို့ထင်နေခဲ့ဖူးတယ်”လို့ပြန်ပြောင်း ပြောဆိုသွားပါတယ်။

ဆက်လက်ပြီးကွန်တီက “ကျွန်တော်လုပ်ရမယ့်အရေးကြီးဆုံးအချက်က ကစားသမားတစ်ဦးချင်းဆီကနေ သူတို့ရဲ့အကောင်းဆုံး စွမ်းရည်တွေကို အပြည့်အဝထုတ်သုံးနိုင်ဖို့ပါ” လို့ ဆိုသွားကြောင်းပါခင်ဗျား။ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။