သြဂုတ်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombokကျွန်းတွင် ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၄၆၀ ကျော်အထိရှိနေပြီး ပျောက်ဆုံးသူများလည်း ရှိနေတယ်လို့သိရပါတယ်။ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးသူများကို အပျက်အစီးများအောက်တွင် ဆက်လက်ရှာဖွေနေပါတယ်။

ထိုပြင်းထန်တဲ့ ငလျင်လှုပ်ခက်မှုကြောင့် လူစုစုပေါင်း ၇၇၇၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နေအိမ်အလုံးပေါင်း၇၁၉၆၂လုံးပြိုကျခဲ့တယ်လို့သိရပါတယ်။နောက်ပြီး ပညာရေးအဆောက်အအုံ ၆၇၁လုံး၊ဆေးခန်း၁၁ခုအပါအဝင်ကျန်းမာရေးအဆောက်အအုံ ၅၂လုံးနှင့် ရုံးအဆောက်အအုံ ၂၀ပျက်စီးခဲ့တာဖြစ်ပြီး တံတား ၆စင်းပါ ပြိုကျခဲ့ရတယ်လို့ဆိုပါတယ်။

လူ၄၁၇၀၀၀ဦးဟာ ငလျင်ဒဏ်ကြောင့် နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။လှုပ်ခက်ခဲ့သည့်ငလျက်ကြောင့် အမေရိကန်ဒေါ်လာ ၅၀၉.၆သန်းဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ဒီငလျင်ဟာ အင်အား၇.ဝပမာဏရှိတယ်လို့လည်း သိရပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။