taxi ဌားစီးလျှင် တခြားခရီးသည်ပါက သတိထားပြီး ရှောင်သင့်

တက္ကစီ စီးရင် တခြားခရီးသည်ပါနေရင်ရှောင်တာအကောင်းဆုံးပဲ.

ညက ကျမဝန်ထမ်းကောင်မလေး ရုံးအပြန် သူ့မေမေကင်ဆာဌာနမှာဆေးရုံတက်နေရလို့ taxiငှါးသွားတာ။ taxi driverဘေးနားမှာ လူတယောက်ပါလို့passengerပါတယ်ကျမမငှားတော့ဘူးဆိုပီးပြောခဲ့တယ်။ အဲ့ဒါ driverက သူကခဏနေရှေ့မှတ်တိုင်နားဆင်းတော့မှာပါဆိုပီးပြောတော့ ညီမလေးကလည်း ဆေးရုံနောက်ကျနေမှာစိုးပီးအမြန်တက်လိုက်သွားခဲ့တာ။ လမ်းရောက်မှ မှောင်တဲ့ဘက်တွေလျှောက်မောင်းပီး အလုံမြို့နယ်နားရောက်တော့ ကားရပ်ပီး ဟိုဘေးကလူကတကယ်ဆင်းမယ့်ပုံစံနဲ့ဆင်းသွားတယ်။ပြီးမှသူ့ဘေးနားကနေတက်လာပီး ပိုက်ဆံလုတော့တာပဲတဲ့။ကားတံခါးကလည်းဖွင့်လို့မရဘူး။ ကောင်မလေးခမျာ ပါတာမှ ၂သောင်းကျော်ကျော် သူ့မေမေဆေးဖိုးမလို့မပေးနိုင်ကြောင်းတောင်းပန်တာ မရဘူး။ လည်ပင်းညှစ်ပီး လက်ဖျံကို ထောက်ဆူးလို ဓားအချွန်နဲ့မွှန်းပီး နှိပ်စက်တာ။ ကံကောင်းချင်တော့ ရုန်းရင်းနဲ့ ဟိုလူရဲ့တတောင်နဲ့တံခါးထောက်မိပီးlockပွင့်သွားတော့ကယ်ကြပါဦးဆိုပီးအော်တော့မှလူတွေဝိုင်းလာပီးကူညီကြတယ်။ အလုံရဲစခန်းကိုတယောက်ကဖုန်းဆက်ပီးတိုင်ပေးတယ်။ အဲ့ဒီလူနှစ်ယောက်ကိုလည်း အချုပ်ထဲထည့် စစ်မေးပီး..ရဲမေတစ်ဦးက ကျမဝန်ထမ်းလေးကို ဆေးရုံကြီးထိ ည၁ဝနာရီလောက်မှာလိုက်ပို့ပေးပါတယ်။

ရဲဝန်ထမ်းတွေကိုရော..အဓိကကအော်လိုက်တဲ့အချိန်မှာကူညီပေးကြတဲ့ပြည်သူတွေကိုကျေးဇူးတင်တာပါ။ လူအချင်းချင်းကူညီရိုင်းပင်းမှု အခုခေတ်မှာ အရမ်းကိုနဲလာပါတယ်။ လုယက်မှုတခုခုဆိုမြင်တာနဲ့နီနီးလေးကိုတောင် facebookဓာတ်ပုံရိုက်ပီးတင်ဖို့လောက်ပဲစိတ်အားထက်သန်ကြတယ်။ တကယ် အချင်းချင်းစည်းလုံးပီးဝိုင်းဖမ်းပေး..အိမ်နီးချင်းအချင်းချင်းစောင့်ရှောက်ပေးဖို့လိုပါတယ်။ ကျမတို့ safeမဖြစ်တဲ့နိုင်ငံမှာနေပီး ဒီအတိုင်း safeမဖြစ်နေတာကြီးကိုကြောက်ပီးနေနေလို့မဖြစ်ပါဘူး။ လူဆိုးတွေထကြွသောင်းကျန်းမှု အကြမ်းဖက်မှုကို..အထူးသဖြင့် အမျိုးသမီးတွေနဲ့ခလေးငယ်တွေအတွက် အမှန်တကယ်ရပ်တည်မယ့်လူ့အဖွဲ့အစည်းတစ်ရပ် အမြန်းဆုံးလိုအပ်ပါတယ်။

တကယ်ဆို ဒီညီမလေးဆို သူဒီလောက်ဖြစ်ထားတာတောင်ရဲတိုင်ပီးအမှုမဖွင့်ချင်ရှာဘူး။ ပိုက်ဆံကုန်မှာစိုးလို့။ ဘာဖြစ်ဖြစ်ရဲတိုင်ရင်ပိုက်ဆံကုန်ပီး အချိန်ကုန်လူပမ်းတာပဲအဖတ်တင်မှာဆိုတဲ့အတွေးတွေပဲ ပြည်သူတော်တော်များများရဲ့စိတ်ထဲမှာစွဲနေကြတယ်။ တကယ်တော့ တကယ်တာဝန်ကျေတဲ့ရဲတွေလည်း အများကြီးရှိပါတယ်။ တကယ်လက်စားနေတဲ့ရဲတွေလည်းဒီနေ့ထိရှိနေဦးမှာပါပဲ။ ဒါပေမယ့် ကျမတို့ လုပ်ပေးနိုင်တာက တကယ်မှန်တဲ့ဘက်ကရပ်တည်ပီးပြောပေးဖို့..ရဲစခန်းမှာလည်း ကာယကံရှင်ကပြောဖို့အားမရှိရှာပါဘူး။ အထူးသဖြင့် ဗလက်ကာယအမှုတွေဆိုဘယ်လိုလုပ်မလဲ။ ရှက်တာကြောက်တာနဲ့ပဲပီးသွားရတဲ့အမျိုးသမီးတွေဘယ်လောက်တောင်များနေပီလဲ။ ကျမတို့ ပတ်ဝန်းကျင်မှာ ဒီလို caseတွေမြင်တယ်သိတယ်ဆိုရင် ဝင်ရောက်ကူညီဖို့ ဝိုင်းဝန်းဆွေးနွေးပေးဖို့လိုပါတယ်။ မကောင်းတဲ့သူတွေရှိနေတာထက် ကောင်းတဲ့သူတွေဆိတ်ဆိတ်နေခြင်းက ကမ္ဘာကြီးကိုပိုုပီး အကျည်းတန်စေတာပါ။

ကျမလည်းသူငယ်ချင်းတွေနဲ့တိုင်ပင်ပီး အမျိုးသမီးနဲ့ခလေးတွေအတွက် human rightsနဲ့ ဒုစရိုက်မှုများပပျောက်ရေးအကြံပေးအဖွဲ့အစည်းတခုထောင်ဖို့စီစဉ်နေပါတယ်။ကျမတို့ ဟိုခေတ်အစိုးရ ဒီခေတ် အစိုးရ အပြစ်ပြောနေဖို့ထက်ပိုပီးအရေးကြီးတဲ့အချိန်ကိုရောက်နေပီလို့ထင်ပါတယ်။ ကိုယ့်နိုင်ငံသူနိုင်ငံသားချင်း သတ်ဖြတ်ပီးစာနာမှုကင်းမယ့်နေတဲ့အနေအထားကြီးတခုဖြစ်နေတယ်။ ကျမတို့ အမျိုးသမီးတွေအတွက် ကူညီပီး အခိုင်အမာConsultလုပ်ပေးနိုင်မယ့် အဖွဲ့အစည်းတခုလိုပါတယ်။ကိုယ်ကိုတိုင်တောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက်safeမဖြစ်သလိုခံစားရတဲ့အနေအထားမှာ ကိုယ့်ထက်အများကြီးဆိုးရွားတဲ့ကူရာမဲ့အခြေအနေခလေးငယ်မိန်းခလေးတွေတွေ့ရတာ..တကယ်ဝမ်းနဲပီးစိတ်ထိခိုက်ရတယ်။သူတို့လေးတွေကိုဒီထက်ပိုပီးsupportလုပ်နိုင်ဖို့ ကျမကိုကျမ ဒီထက်ပိုပီး mentallyရောphysicallyရော strongဖြစ်အောင်လေ့ကျင့်ယူရဦးမှာပါ။

ချစ်ခဲ့ရတဲ့မြန်မာပြည်ရယ်....စင်္ကာပူကပြန်ရောက်ထဲက တခါမှနောက်တမရခဲ့ပါဘူး (ဒီနေ့ထိ)။ ဒါပေမယ့်....တခါတခါ ..Empathyမရှိတဲ့လူတချို့အတွက်..စိတ်တွေပင်ပမ်းရလွန်းပြန်တယ်။ :(

Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။