ကမ္ဘာ့နိုင်ငံများစွာရှိ ကလေး၊ လူကြီးများစွာခံစားနေရတဲ့ ရောဂါဝေဒနာတွေကတော့အများကြီးပဲရှိပါတယ်။ အဆိုပါရောဂါဝေဒနာတွေထဲမှာ မွေးရာပါဝေဒနာသည်တွေနဲ့အတူ ထိခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဝေဒနာရှင်များစွာလည်း ရှိတာတွေ့ရပါတယ်။ အဆိုပါမွေးရာပါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေထဲမှာ ပြည်တွင်းရှိ ကလေးငယ်များစွာလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

လက်ရှိ ပြည်တွင်းမွေးရာပါကလေးများစွာကတော့ ကိုယ်အင်္ဂါချို့ယွင်းမှုတွေနှင့်အတူ အခြားရောဂါများလည်းရှိနေသူတွေလည်း ရှိတာတွေ့ရပါတယ်။ အဆိုပါကလေးငယ်တွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဘောစုတ်ကံကုန်းအသင်းတော်မှာ နေထိုင်တဲ့ ကလေးငယ်တစ်ဦးလည်း ဝေဒနာခံစားနေရတာတွေ့ရပါတယ်။  

လက်ရှိ ခွဲစိတ်ကုသနိုင်ရန်အခွင့်အရေးရှိသူတစ်ဦးဖြစ်တာကြောင့် ခွဲစိတ်ကုသရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ ဆင်းရဲချို့တဲ့သူတစ်ဦးဖြစ်တာကြောင့် ကလေးငယ်လေးရဲ့ ဆေးဝါးကုသစရိတ်မလုံလောက်မှုအချို့ရှိနေကြောင်း သိရပါတယ်။ သနားစရာကလေးငယ်လေးရဲ့ လက်ရှိ မြင်တွေ့ရတဲ့ ပုံစံလေးကို ချစ်ပရိသတ်တွေသိရှိနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

Photos - ကျော်ကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။