အိမ်ထောင်တစ်ခု တည်ထောင်ပြီဆိုတာနဲ့ သားသမီးလေးတွေကလည်း မရှိမဖြစ်မဟုတ်လား။ သားသမီးလေး တွေဟာအိမ်ရဲ့ဂီတသံစဉ်လေးတွေဆိုရင်လည်း မမှားပါဘူး။အိမ်ထောင်ပြုပြီး သားသမီးယူတော့မယ် ဆိုရင် လည်းအာဟာရပြည့်ဝစေဖို့ လိုပါတယ်။ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးပါ။ကိုယ်ဝန်မဆောင်ခင် ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမယ်၊ မွေးဖွားပြီးဘယ်လေ့ကျင့်ခန်းတွေကသင့်တော်လဲ အစစအရာရာအားလုံးကြိုတင် စီစဉ်ရပါမယ်။

ဆေးလိပ် အရက်လုံးဝရှောင်ပေးပါ။ ကဖိန်းဓာတ်များများစားခြင်းကို ရှောင်ပါ။ ခုဖော်ပြဟာကတော့ကိုယ်ဝန် တစ်ခုရဖို့ ဘယ်လိုအချိန်မှာ မျိုးဥတည်အောင် ဇနီးရောအမျိုးသားပါ သိထားဖို့လိုပါတယ်။အမျိုးသမီးရဲ့ သားအိမ် ထဲမှာ သန္ဓေသားတည်စေဖို့ ဇနီးမောင်နှံ အတူနေတဲ့အချိန်ကလည်း အရေးကြီးပါတယ်။အမျိုးသမီးများအနေ ဖြင့် တစ်လတစ်ကြိမ် မျိုဥထုတ်ပေးတာမို့ မျိုးဥမကြွေခင် ကိုယ်ဝန်ရရှိအောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ မိမိ မှာဘယ်ရက်တွေ ဓမ္မတာလာလဲဆိုတာမှတ်ထားပါ။ ဓမ္မတာမလာခင် ၃ ရက်မှ ၅ ရက်အတွင်း အမျိုးသားနဲ့ အတူနေရပါမယ်။အမျိုးသားရဲ့ သုတ်ကောင်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်းမှာ ၃ ရက်မှ ၆ ရက်အထိ အသက်ရှင်နေနိုင်ပါတယ်။ 

သုတ်ကောင်ကျန်းမာဖို့ အမျိုးသားတွေမှာလည်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာဖို့လိုပါတယ်။ အရက်သောက်ခြင်းက သုတ်ကောင်ကိုကျဆင်းစေပြီးစေပါတယ်။အမျိုးသားတွေအတွက် အပူဒဏ်ဟာ သုတ် ကောင်တွေကိုသေစေပါတယ်။ ဒါကြောင့်လည်း ပြောစကားတွေအရ အမျိုးသားတွေအနေနဲ့ ပေါင်ပေါ် latop တင်တာ၊ ဖုန်းကိုဘောင်ဘီထဲထည့်ထားခြင်းတွေကို ရှောင်ပေးပါ။ ရေနွေးနဲ့ စိမ်းပြီးရေချိုးခြင်းကိုလည်း ရှောင် ကြည့်ရပါမယ်။ အားလုံးကျန်းမာတဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source : Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။