လက်ရှိ ပြည်တွင်း ယာဉ်မတော်တဆမှုတွေထဲမှာ ပရိသတ်အများဆုံးကြားသိခဲ့ရတာကတော့ အမြန်လမ်းသတင်းပဲဖြစ်မယ်ထင်ပါတယ်။ လက်ရှိ ယာဉ်မောင်းသူညီအကိုများစွာအသုံးပြုလေ့ရှိတဲ့ အမြန်လမ်းမပေါ်က ယာဉ်တိုက်တွေကတော့ သာမာန်ယာဉ်တိုက်မှုတွေနဲ့မတူညီတဲ့ ပုံစံမျိုးတွေဖြစ်လေ့ရှိတာတွေ့ရပါတယ်။  

အဆိုပါ အမြန်လမ်းယာဉ်တိုက်မှုကတော့ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့ တွင်လည်း ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် Express ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမ မိုင်တိုင် ၁၀၀အနီးတွင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ကားပေါ်လိုက်ပါလာသူခရီးသည်တွေရဲ့ ထိခိုက်မှုကိုတော့ ရှာဖွေနေဆဲဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ရာသီဥတုကြောင့် ဆိုးရွားလွန်းတဲ့ လမ်းမတွေအပေါ်သတိထားမောင်းနှင်နိုင်ဖို့ ဒီကနေ့ ဖြစ်ပျက်ပုံ ပုံရိပ်လေးတွေကို ပြသလိုက်ပါတယ်။

Photos - U Kyaw Min 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။